ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုပြင်ဆင်သည့်ဥပဒေ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ်  (၃ /၂၀၂၅) စက်တင်ဘာလ   ၂၁ 

Sunday, September 21, 2025 - 16:45

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုပြင်ဆင်သည့်ဥပဒေ

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ်  (၃ /၂၀၂၅)

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော်    ၁၅     ရက်

(၂၀၂၅ ခုနှစ်၊ စက်တင်ဘာ   ၂၁   ရက်)

 

              အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။           ဤဥပဒေကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။            နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ်(၁)ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(၁)    ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက အထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသ ကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အပါအဝင်) မဲဆန္ဒနယ်အားလုံး၏ လေးပုံတစ်ပုံတွင် မိမိပါတီက ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ခြင်း၊”

 

              ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

 

(ပုံ) မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ယာယီသမ္မတ