ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူလိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများသည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ စက်တင်ဘာ ၂၆ရက် ဒေသစံတော်ချိန် နေ့လယ်ပိုင်းက "အရာအားလုံးက အက်တမ်ကနေ စတင်တယ်" ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်သည့် မျက်နှာစုံညီအစည်းအဝေးကို ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါ မျက်နှာစုံညီအစည်းအဝေးကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း(ROSATOM) ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev ဦးဆောင်ပြုလုပ်ခဲ့ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီးများနှင့် UMFCCIမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ မျက်နှာစုံညီအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး များ ၏ စကားသံများကိုလည်း အခုလိုပဲ ကြားသိခဲ့ရပါတယ်
ဦးကိုကိုလွင် (ပြည်ထောင်စုဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန)
ဒီနေ့က Atomic Energy Forum ကို လာတာပေါ့နော်။ နိုင်ငံတော်အကြီးအကဲနဲ့အတူ လာကြတာပေါ့။ လာကြတဲ့အခါကျတော့ Atomic Energy နဲ့ ပါဝင်ပတ်သက်တဲ့ တာဝန်ရှိ သူတွေပါလာကြတယ်။ ပြောချင်တာကတော့ Energy ဆိုတာကို အရင်ဆုံးပြောချင်တယ်။ Energy ဆိုတာက လူသားတွေအတွက် မရှိမဖြစ်လိုအပ်ချက်ပဲ။ အရေးကြီးဆုံး လိုအပ် ချက်ပဲ။ အဲ့တော့ Energy ရှိမှ ကိုယ်လိုချင်တာလုပ်လို့ရမယ်။ လူမှုဘဝ ရှင်သန်ဖို့အတွက်၊ နေ့စဉ် Daily Life အတွက် Energy လိုတယ်။ နိုင်ငံတစ်နိုင်ငံ စီးပွားဖွံ့ဖြိုးဖို့အတွက် Energy လိုတယ်။ အဲ့ဒီမှာ Energy ဆိုတာက Energy ရရှိဖို့အတွက် ကျွန်တော်တို့ Primary Energy လို့ခေါ်တာပေါ့နော်။ Primary Energy ဆိုတာ ဒီ Energy ကို Source က ဘယ် Source ကယူတာလဲ။ ပြီးတဲ့အခါကျမှ Secondary Energy ကို ပြန်ပြီးတော့ Transform လုပ်တယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ လုပ်နေတဲ့ Oil and Gas ဆိုလို့ရှိရင် Oil and Gas ကို Primary Energy အနေနဲ့လုပ်တယ်။ အဲ့ဒီကနေပြီးတော့ Secondary Energy နဲ့ Transform လုပ်တဲ့အခါကျတော့ Electricity ဆိုတာရတယ်။ Electricity သည် Secondary Energy ။ အဲ့ဒီ Secondary Energy ကနေပြီးတော့ လိုချင်တဲ့ လူတွေရဲ့လိုအပ်ချက်တွေကို အသုံးပြုကြတယ်ပေါ့နော်။ အခု ဒီ Atomic Energy ကျတော့ Primary Energy အနေနဲ့ ဘယ်ကရလဲဆိုတော့ Atom တွေက ရတယ်။ Atom တွေက Uranium ပေါ့နော်၊ Plutonium ပေါ့နော်၊ Thorium အဲ့ဒီ Atom တွေကနေပြီးတော့ Atom တွေက Fusion ဖြစ်တဲ့အခါကျတော့ Atom တွေက နေပြီးတော့ Nucleus က ကွဲသွားတယ်။ ပြိုကွဲသွားတဲ့အခါ Neutron တွေထွက်လာတယ်။ အဲ့ဒီကနေပြီးတော့ ဒါ Primary Energy ပေါ့။ အဲ့ဒီကနေ ပြီးတော့ Secondary Energy ဖြစ်တဲ့ အမျိုးမျိုးသော အသုံးပြုမှုတွေ ကိုသွားရော။ အခုဒီနေ့ကတော့ ထွက်လာတဲ့ Energy တွေကို လျှပ်စစ်ထုတ်ဖို့ပေါ့။ နောက်တစ်ခါ ဒါ့အပြင် စိုက်ပျိုးရေးကိစ္စတွေမှာ သုံးမယ်။ ကျန်းမာရေးကိစ္စတွေမှာသုံးမယ်။ အများကြီး အများကြီးသုံး လို့ရတယ်။ တချို့ဒါတွေသုံးမှာပေါ့။ ဒီနေ့ဆွေးနွေးကြ တာတွေကလည်း ဒါတွေဆွေးနွေးတာပေါ့။ အဲ့တော့ နံပါတ်တစ်က Atomic Energy ပေါ့နော်။ Nuclear Energy လုပ်မယ်ဆိုရင် နံပါတ်တစ် အရေးကြီးဆုံးကတော့ ဘာ အရေးကြီးဆုံးလဲဆိုရင် အဓိက ဒီ HR ပေါ့။ Nuclear Energy နဲ့ပတ်သက်တဲ့ HR တွေ ဖွံ့ဖြိုးအောင်လုပ်ရမယ်။ နောက်တစ်ခါကျတော့ Infrastructure တွေလုပ် ရမယ်။ ဒါအရေးကြီးဆုံးပဲ။ နံပါတ်နှစ်ကတော့ အဓိက Financing ပေါ့။ ငွေကြေးလိုအပ်တယ်။ ဒီမှာလည်း အခုဆွေးနွေးနေကြတယ်။ IAEA က ပြောသွားတယ်။ ဒီ Financing အတွက်လို အပ်တယ်ပေါ့နော်။ နံပါတ်သုံးကတော့ သူ့ရဲ့ Security ပေါ့။ Security ဆိုတာက အဲ့ဒီမှာ ဘာပါသွားလဲဆိုတော့ နှစ်ပိုင်းပါတယ်။ Nuclear ထုတ်တဲ့ Powerplant ကြီးတွေရဲ့ Secure ဖြစ်ဖို့လိုတယ်။ Very High Temperature မှာ သူက အလုပ်လုပ်တာ။ အဲ့ဒီ Very High Temperature မှာအလုပ်လုပ်တဲ့ အခါကျတော့ အဲ့ဒီကနေပြီးတော့ Super Heated Region ကနေ Steam တွေထွက်လာတယ်။ အဲ့ဒါကို သုံးတာ။ သို့သော် သုံးချင်တဲ့ Steam တွေက သုံးပြီး၊ သုံးနေတဲ့အချိန်မှာ အဲ့ဒီ Plant ကြီးကိုကျတော့ Cooling System တွေက အအေးပေးထားရတယ်။ နောက်တစ်ခါကျတော့ Nuclear Atom တွေက ပြိုကွဲသွားတဲ့ အခါကျတော့ Radiation တွေ ထွက်လာတယ်။ အဲ့ဒါတွေကို အကာအကွယ်ပြုလုပ်ရတယ်။ ဒါကြောင့်မို့ လူတွေက Nuclear ဆိုတာနဲ့ နံပါတ်တစ် Security ဆိုတဲ့နေရာမှာ အဲ့ဒီမှာ အလုပ်လုပ်မယ့်လူတွေက ဟာ…ဒါဆိုရင် သူတို့ဘာဖြစ်မလဲ။ စိုးရိမ်မှုတွေရှိတယ်။ နောက် တစ်ခုကကျတော့ အဲ့ဒါကို သုံးစွဲမယ့် ပြည်သူလူထုပေါ့။ ခုနက IAEA က ပြောသွားတယ်။ ပြည်သူလူထုက Nuclear ဆိုရင် လန့်နေ ကြတယ်။ အဲ့ဒါကို ပြောပြရမယ်။ ဒီနေ့က ဒီ Technology တွေက တဖြည်းဖြည်းနဲ့ မြင့်တက် လာတယ်။ အခုဆိုရင် Generation က 3 Plus သွားပြီ။ နောက်တစ်ခါကျတော့ သူတို့ 4 ကို သွားဖို့ သူတို့ဆွေးနွေးနေကြပြီ။ 4 သွားပြီဆိုလို့ရှိရင် ပိုပြီးတော့ Secure ဖြစ်လာမယ်။ နောက်တစ်ခါ ကျတော့ အခုက Nuclear သုံးပြီဆိုလို့ရှိရင် Uranium တွေ အစွမ်းမဲ့သွားပြီ။ အဲ့ဒါတွေကို စွန့်ပစ်ရမယ်။ စွန့်ပစ်ရတဲ့ ပြဿနာတွေကို ရင်ဆိုင်ရပြီ။ အဲ့ဒီဟာတွေကို Depleted Uranium တွေကို မစွန့်ပစ်ရတော့ဘူး။ ပြန်သုံးမယ်။ Reuse ပြန်လုပ်မယ်။ အဲ့ဒါ 4th Generation ဆိုပြီးတော့ သွားနေကြတယ်။ အဲ့ဒီမှာတော့ ရုရှားက Leading Country ဖြစ်တယ်။ ဒီအပေါ်မှာ သူတို့ကို Appreciate လုပ်တယ်။ မနေ့ကလည်း နိုင်ငံတော်အကြီးအကဲတွေ ဆွေးနွေးကြတဲ့အထဲမှာ အဲ့ဒီခေါင်းစဉ်တွေပါတယ်။ ဒီနေ့လည်း ဆွေးနွေးတယ်။ ဘာပြောပြော ကျွန်တော် တို့နိုင်ငံ အနေနဲ့သည် Energy Mix ဆိုတဲ့နေရာမှာ Nuclear သည် အချိုးတစ်ခု ပါကိုပါရမယ်။ အဲ့ဒါမှ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမယ်။ ဒါကို ဦးတည်ပြီးသွားနေတယ်။ ဒီနေ့လည်း ကျွန်တော် တို့ နိုင်ငံတော်အကြီးအကဲရဲ့ရှေ့မှောက်မှာ လက်မှတ်ထိုးကြတယ်။ အဲ့ဒါ ကျွန်တော်တို့ မဖြစ်မနေ ဆောင်ရွက်ရမယ်။ အဲ့ဒါကို ပြည်သူလူထုအနေနဲ့ကလည်း ဆောင်ရွက်ရမယ်။ သူတို့ရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အင်မတန် အရေးပါတယ်ဆိုတာကို ပြည်သူလူထု နားလည်ရမယ်။ သိရမယ်။ အဲ့ဒါကို ကျွန်တော် ပြောချင်တာ။ ဒီဟာကို ဒီဘက်ကလည်း Technology တွေအရ Secure လုပ်မယ်။ နောက်တစ်ခါကျတော့ ပါဝင် ပတ်သက်မယ့်လူပေါ့။ ဒီမှာ အလုပ်လုပ်မယ့် လူတွေ၊ အဲ့ဒီလုပ်မယ့်လူတွေကအစ ဒီပညာတွေ သင်ဖို့အတွက် သူတို့က စိုးရိမ်စိတ်တွေ ရှိစရာမလိုဘူး။ အခုလည်း ဒီမှာ Nuclear နဲ့ ပတ်သက်တဲ့ပညာရှင် ငယ်ငယ်လေးတွေ ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀/၇၀ လောက်ကတည်းက ဒါကို စလုပ်နေတာ။ ဒါကို ပြည်သူလူထုအနေနဲ့ လုပ်ကို လုပ်ရ တော့မယ်။ ကြိုးစားလုပ်ရမယ်။ ဒါဆို ငါတို့နိုင်ငံတော်အတွက် ဘယ်လို ဖွံ့ဖြိုးတိုးတက် လာမယ်ဆိုတဲ့ အသိအမြင်လေးတွေ ရစေချင်ပါတယ်။
ဒေါက်တာ သက်ခိုင်ဝင်း (ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန)
နိုင်ငံတော်အကြီးအကဲနဲ့အတူ မော်စကိုမှာကျင်းပတဲ့ (World Atomic Week Forum 2025)ကို လာရောက်တက်ရောက်ခြင်းဖြစ်ပါတယ်။ ဒီနေ့ ကလည်း နိုင်ငံတော်အကြီး အကဲပါဝင်တဲ့ World Atomic Week ထိပ်သီး ဆွေးနွေးပွဲကို လာရောက်တက် ရောက်ခြင်းဖြစ်ပါတယ်။ Nuclear Technology နဲ့ပတ်သက်ပြီးတော့ နိုင်ငံတစ်နိုင်ငံမှာ အသုံးပြုဖို့ဆိုတာ တော်တော်အရေးကြီး တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ ဒါတွေကို ဆုံးဖြတ်ချက်ချဖို့ဆိုတဲ့နေရာမှာ နိုင်ငံတော်အကြီး အကဲတွေကိုယ်တိုင် ပါဝင်ဆုံး ဖြတ်ပြီးတော့ အမြှော်အမြင်ကြီးစွာ ဆုံးဖြတ်ချက်ပေးဖို့လို အပ်ပါတယ်။ ဒီအတွက်ကြောင့်လည်း ကျွန်တော်တို့မနေ့က ထိပ်သီးဆွေးနွေးပွဲမှာ နိုင်ငံတော် အကြီးအကဲများဟာ မိမိတို့နိုင်ငံတွေအလိုက် Nuclear Technology ကို မိမိတို့လူမှုပတ်ဝန်းကျင်ကို ဖွံ့ဖြိုး တိုးတက်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတဲ့အစီအစဉ်တွေကို ဆွေးနွေးသွား ကြတာတွေ့ရပါ တယ်။ ကျွန်တော်တို့နိုင်ငံတော်အနေနဲ့လည်း နိုင်ငံတော်ယာယီ သမ္မတကြီးက နေပြီးတော့ မြန်မာနိုင်ငံမှာဆောင်ရွက်မယ့် Nuclear Technology နဲ့အတူ လူမှု ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုး တက်အောင်စီစဉ်နေတဲ့အစီအစဉ်တွေ၊ နောက်ဆောင် ရွက်မယ့်အစီအစဉ်တွေကို ကျယ်ပြန့် စွာဆွေးနွေးသွားခဲ့ပါတယ်။ ဒီလိုဆွေးနွေး တဲ့အခါမှာလည်း ကျွန်တော်တို့နိုင်ငံရဲ့ Nuclear Technology ကို ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ဖို့အတွက် အဖွဲ့အစည်း တွေဖြစ် တဲ့ IAEA လို အဖွဲ့အစည်းတွေ ROSATOM လို အဖွဲ့အစည်းတွေနဲ့ပူးပေါင်း ဆောင်ရွက်သွား မယ်ဆိုတဲ့ အကြောင်းတွေကိုလည်းဆွေးနွေးခဲ့တာတွေ့ရှိခဲ့ရပါတယ်။ ကျွန်တော် တို့ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့လည်း ဒီပွဲမှာဆိုရင် ကျွန်တော်တို့အပါအဝင် ကျွန်တော်တို့ရဲ့ Nuclear Medicine Department ကတာဝန်ရှိသူများလည်း ပါဝင်လာပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်းပဲ ဒီ Nuclear Technology အသုံးပြုပြီးတော့ ဆေးကုသမှုတွေ၊ ရောဂါရှာဖွေမှုတွေ၊ အထူးသဖြင့် ကင်ဆာရောဂါနဲ့ပတ်သက်တဲ့ ကုသမှုတွေဆောင်ရွက်နေတာဖြစ်ပါ တယ်။ ဒီမှာ တက်ရောက် လာခြင်းအားဖြင့် ROSATOM မှာတာဝန်ရှိသူများနဲ့ ကျွန်တော် တို့ရဲ့တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပြီးတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံမှာ ဆေးကုသမှုနဲ့ပတ်သက်ပြီး Nuclear Technology အသုံးပြုပြီးတော့ ဆောင်ရွက်မယ့်ဟာတွေ၊ ယခုလက်ရှိအခြေအနေ ထက်ပိုမို ကောင်းမွန်အောင် ဆောင်ရွက် နိုင်ဖို့ ဒါတွေကိုလည်းဆွေးနွေးနိုင်မယ့် အခွင့်အလမ်းရရှိခဲ့ ပါတယ်။ မြန်မာနိုင်ငံမှာလည်းပဲ Nuclear Technology ဆေးကုသမှုလုပ်တဲ့အခါမှာ Isotope တွေ ကျွန်တော်တို့ နိုင်ငံမှာလည်းထုတ်နေတာရှိသလို ပြည်ပနိုင်ငံက တင်သွင်းရတာတွေလည်း ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့လည်း ပိုမို ကောင်းမွန်တဲ့၊ အရည်အသွေးမြင့်မားတဲ့ Isotope တွေပြည်တွင်းမှာထုတ်လုပ် နိုင်ဖို့၊ ပြည်ပမှ တင်သွင်းနိုင်ဖို့တွေကို ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ကတော့ (World Atomic Week Forum 2025)ကို လာရောက် တက်ရောက်ခြင်းဟာဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ Nuclear Technology နဲ့ လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် မယ့်လုပ်ငန်း တွေမှာ နိုင်ငံတော်ယာယီ သမ္မတကြီးကိုယ်တိုင် တက်ရောက်လာတဲ့ အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံအတွက် မှတ်တိုင်တစ်ခု၊ Nuclear Technology အသုံးပြုတဲ့ မှတ်တိုင် တစ်ခုအဖြစ်နဲ့ကျန်ခဲ့မယ်လို့ ကျွန်တော်အနေ နဲ့ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ရုရှား-အာဆီယံ ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့သည်။ ထို့နောက် ROSATOM ညွှန်ကြားရေးမှူးချုပ်က တည်ခင်းဧည့်ခံသည့် ညစာစားပွဲကို ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။