ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏အကြံပေးပုဂ္ဂိုလ် Mr. Anton Kobyakov အား Radission Collection ဟိုတယ်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက် အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံ အမတ်ကြီး ဦးသစ်လင်းအုန်း နှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေး ရှင်းနိုင်ငံသမ္မတ၏အကြံပေးပုဂ္ဂိုလ် Mr. Anton Kobyakov နှင့်အတူ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်နှင့် RC Investment Fund ညွှန်ကြားရေးမှူးချုပ် Mr.Sergey Shatirov နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် မကြာမီကာလအတွင်း မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအားကျင်းပနိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိမှုနှင့် ရွေးကောက်ပွဲကျင်းပပြီးစီးပါက ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်သွားမည်ဖြစ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် ရုရှားဖက်ဒရေးရှင်းနိုင်ငံအပါအဝင် နိုင်ငံ တကာမှလည်း အသိအမှတ်ပြုအားပေးထောက်ခံလျက်ရှိသည့် အခြေအနေများ၊ နှစ် နိုင်ငံနှင့် ပြည်သူများ၏ ဘုံအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးဆိုင် ရာပူးပေါင်းဆောင်ရွက်မှုများကို လမ်းပြမြေပုံများရေးဆွဲ၍ စဉ်ဆက်မပြတ်အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံ ပေးပုဂ္ဂိုလ်၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်နှင့် RC Investment Fund ညွှန်ကြားရေးမှူးချုပ် တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေး အပ်ခဲ့ကြကြောင်း သတင်းရရှိသည်။