ရွှေဘိုမြို့၌ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အသိတရားကင်းမဲ့စွာဖြင့် လက်လုပ်ရှော့တိုက်ဒုံး ပစ်ခတ်မှုကြောင့် သာသနာတော်အကျိုးသယ်ပိုးဆောင်ရွက်နေသည့် သာမဏေကိုရင် (၃) ပါး ပျံလွန်တော်မူ၍ သာမဏေကိုရင် (၈) ပါး ထိခိုက်ဒဏ်ရာများရရှိ နေပြည်တော်၊ အောက်တိုဘာ ၂

Thursday, October 2, 2025 - 18:15

          PDF အမည်ခံအစွန်းရောက်အကြမ်းဖက်သမားများသည် သာသနာတော် အကျိုး သယ်ပိုး လျက်ရှိသော ရဟန်းသံဃာတော်များ ၊ အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့အရပ်သား ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အရွယ်မရောက်သေးသူ ကလေး သူငယ်များအား သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက် လုပ်ရပ်များအား လူမဆန်စွာ ဖောက်ခွဲရေးပစ္စည်း ကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှပစ်ခတ်ဖောက်ခွဲခြင်းများ၊ အကြောင်းမဲ့ဖမ်းဆီး သတ်ဖြတ်ခြင်းများအား ယုတ်မာရိုင်းစိုင်း၍ အသိတရား ကင်းမဲ့စွာ ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။

          ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်၊ ချီပါ(တောင်)ရွာအနီးမှ PDF အမည်ခံအကြမ်းဖက်သမားများသည် သာသနာတော်အကျိုးသယ်ပိုး လျက်ရှိသော သံဃာတော်များ သီတင်းသုံးနေထိုင်လျက် ရှိသည့် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ ယုတ်မာရိုင်းစိုင်းစွာဖြင့် လက်လုပ်ရှော့တိုက်ဒုံးပစ်ခတ် ခဲ့သောကြောင့် အောင်မြေ ဘုန်းတော်ကြီးကျောင်းဝင်းရှိ ချမ်းမြေ့ကျောင်းတိုက်အတွင်းသို့ ရှော့တိုက် ဒုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

          အဆိုပါ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းတော်ကြီးကျောင်းမှ စာသင်စာချပြု လုပ်နေသည့် သံဃာတော်များဖြစ်သည့် သက်တော် ၁၂ နှစ် နှင့် ၁၃ နှစ်အရွယ် သာမဏေကိုရင် ၃ ပါး ပျံလွန်တော်မူခဲ့ပြီး ကိုရင် ၈ ပါး ဗုံးစထိမှန် ထိခိုက် ဒဏ်ရာများရရှိခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် ပျံလွန်တော်မူ၊ ဒဏ်ရာရရှိ ခဲ့သည့် ကိုရင်ငယ်များအား ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံ သို့ပို့ဆောင်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          PDF အမည်ခံအကြမ်းဖက်သမားများသည် ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင် သည့် သာသနာနိကအဆောက်အအုံ နေရာသို့ အသိတရားကင်းမဲ့စွာဖြင့် အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်ခဲ့ခြင်းအတွက် ဒေသခံပြည်သူများအနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ လျက်ရှိကြောင်းနှင့် အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူ များအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိဒေသခံပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ့အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေး အတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကိုလည်း တိုးမြှင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။