မန္တလေးတိုင်းဒေသကြီး၊ ပါတ်ကုန်းဝန်းကျင် အုပ်ချုပ်ရေးမှူးကို လုပ်ကြံသတ်ဖြတ်ခဲ့သူ များအား ဖမ်းဆီးရမိ
မန္တလေး ၂၀၂၁ ဩဂုတ် ၂၁
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ် ၇၂လမ်း၊ ၂၉ လမ်းနှင့် ၃၀ လမ်းကြားရှိ ပါတ်ကုန်းဝန်းကျင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်ဆွေထွန်း (၄၆)နှစ်(ဘ)ဦးဉာဏ်စိန် အား အကြမ်းဖက် သမားများက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။










