(၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလုံခြုံရေး နှီးနှောဖလှယ်ပွဲ
(4th IMSS 2021) အခမ်းအနားကျင်းပ
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလုံခြုံရေး နှီးနှောဖလှယ်ပွဲ 4th International Maritime Security Symposium (2021) အခမ်းအနားကို “လုံခြုံမှု၊ ငြိမ်းချမ်းမှုနှင့် ကြွယ်ဝချမ်းသာမှုအတွက် အပြည်ပြည်ဆိုင်ရာရေကြောင်းလုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် ဩဂုတ်လ ၂၃ ရက်တွင် Hybrid Symposium (Online and Offline) စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သော တပ်မတော်(ရေ)မှ ကိုယ်စားလှယ် အရာရှိကြီးများ၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး(ကြည်း၊ ရေ၊ လေ)တို့ တက်ရောက်ကြသည်။