news

 

နေပြည်တော်၊ ဩဂုတ်- ၂၀

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။

 

နေပြည်တော်၊ ဩဂုတ် ၂၀

           အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော CRPH နှင့် NUG အဖွဲ့တို့သည် ပညာရေး အဆောက်အဉီးများကို နည်းမျိုးစုံဖြင့် ဖျက်ဆီးခြင်း၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆောင်ရွက်နေမှုများကို အကြမ်းဖက်တိုက်ခိုက်ခြင်း သာမက ၎င်းတို့အဖွဲ့အစည်းအပေါ် ထောက်ခံခြင်းမရှိသည့် လက်နက်မဲ့၊ အပြစ်ကင်းသည့် ပြည်သူလူထုကိုပါ သတ်ဖြတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ အဆိုပါ အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးမြှောက်ပင့်ပေးမှုကြောင့် အကြမ်းဖက်လုပ်ငန်း များဆောင်ရွက်နေသူများသည် ရတနာသုံးပါးတွင် အပါအဝင်ဖြစ်သည့် ရဟန်းတော်များ ကိုပင် ကိုးကွယ်ဆည်းကပ်ရာအဖြစ် မသတ်မှတ်တော့ဘဲ အကြမ်းဖက်သတ်ဖြတ်မှုကိုပါ လုပ်ဆောင်လာကြကြောင်း တွေ့ရှိရသည်။

 

နေပြည်တော်၊ ဩဂုတ် ၂၀

           လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာ့တစ်ဝန်းရှိ နိုင်ငံများ တွင် အခက်အခဲအမျိုးမျိုးကြုံတွေ့ရလျက်ရှိပြီး စားရေးအခက်အခဲများနှင့် အခြေခံ အိမ်သုံး ဆေးဝါးအခက်အခဲများလည်း ရင်ဆိုင်ရလျက်ရှိသည်။

 

နေပြည်တော်၊ ဩဂုတ်- ၁၉

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။

 

နေပြည်တော်၊ ဩဂုတ် ၁၉

             မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင် အမျိုးသား ၂ ဦးက အရပ်သားပြည်သူ ၁ ဦးအား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ငွေကျပ်သိန်း ၇၀၀ အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

 

နေပြည်တော်၊ ဩဂုတ် ၁၉

             တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊နှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားများလွှမ်းမိုး လာစေရန် လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ဓားများ အသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်နေကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ချက်

အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း

၁။       တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့ရသည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG၊ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း များ၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့သော ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် EAO များတည်ရှိရာနေရာ များနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့် တိမ်းရှောင်နေကြောင်း သိရှိရပါသည်။

 

နေပြည်တော်၊ ဩဂုတ်- ၁၉

         တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။