နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့ များမှ ပြည်သူလူထုအထိတ်အလန့်ဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူ များအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင် ရွက်နိုင်မှု မရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများအား နေ့/ညမပြတ်ဆောင်ရွက်လျက်ရှိရာ အေးချမ်းစွာ နေထိုင်လိုသည့် တာဝန်သိပြည်သူများ၏သတင်းပေးချက်အရ ဒီဇင်ဘာလ ၁၇ ရက်တွင် သန်လျင်မြို့နယ်၊ လဟာရက်ကျေးရွာအပြင်ဘက်ရှိ လယ်တဲအတွင်း ဝင်ရောက် ရှင်းလင်းခဲ့ရာ သန့်ဇော်အောင်(ခ)စိုးလေး(၂၉)နှစ်၊ ရဲမင်းဖြိုး(ခ)ကိုဖြိုး(၂၇)နှစ်၊ ဖြိုးမောင်မောင် (ခ)ဖြိုးကြီး(၃၂)နှစ်(သေဆုံး)နှင့် ၎င်း၏ရည်းစားဖြစ်သူ စန္ဒာ(၁၇)နှစ်တို့ ၄ ဦးအား M-16 ၁ လက်၊ M-22 ၁ လက်၊ ပစ္စတို ၁ လက်၊ M-16 ကျည်အိမ် ၂ ခု၊ M-22 ကျည်အိမ် ၁ ခု၊ SIG SAUER ပစ္စတိုကျည်အိမ် ၂ ခု၊ ၇.၆၂ ကျည် ၂၅ တောင့်၊ ၅.၅၆ ကျည် ၅၀ တောင့်၊ ၉ မမကျည် ၂၀ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
news
Information Sheet (Myanmar & English) 18-12-2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ ခုနှစ်၊ ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ
(Mini Gems Emporium) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
နေပြည်တော်၊ ဒီဇင်ဘာ ၁၇
၂၀၂၁ ခုနှစ်၊ ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဒီဇင်ဘာ ၁၇
၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ တတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ (၇၄) နှစ်မြောက် လွတ်လပ်ရေး နေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာ စကား ပြောကြားသည်။
နေပြည်တော်၊ ဒီဇင်ဘာ - ၁၇
မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများဖျက်ဆီးခြင်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ခိုလမ်-ကျိုင်းတောင်းသွားကားလမ်းဘေး၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ တက်ရောက်ကြသည်။
နေပြည်တော်၊ ဒီဇင်ဘာ - ၁၇
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
နေပြည်တော်၊ ဒီဇင်ဘာ - ၁၇
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၁၆ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃ ဦး တို့ကို လက်ခံခဲ့ကြသည်။
နေပြည်တော်၊ ဒီဇင်ဘာ - ၁၇
အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် ၎င်းတို့၏ ဩဇာခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတို့ထောက်ခံအားပေးသည့် ပါတီ၏ ဥပဒေမဲ့လုပ်ရပ် များကို မျက်ကွယ်ပြု၍ ၎င်းတို့ပါတီအား ထောက်ခံခြင်းမပြုသည့် အပြစ်မဲ့ပြည်သူလူထုများအား အကြမ်းဖက်သတ်ဖြတ်ခြင်း၊ နေအိမ်အဆောက်အဦများ အား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း စသည်တို့ကို ဆင်ခြင်တုံ တရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်လျက်ရှိရာတွင် ငါနှင့်မတူ ငါ့ရန်သူဟု သဘောထားပြီး ရိုးသားသည့် တိုင်းရင်းသားမျိုးနွယ်စုများကိုပါ ပစ်မှတ် ထား၍ သတ်ဖြတ်မှုများကို လုပ်ဆောင်လာခဲ့ရာ ဒီဇင်ဘာ ၁၆ ရက်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကနောင်ကျေးရွာမှ ရိုးသားစွာနေထိုင်ကြသည့် ခူမီးလူမျိုးများအား PDF အမည်ခံအကြမ်းဖက်သမားများက လာရောက်ဖမ်းဆီး ခေါ်ဆောင်ပြီး အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၇
NUG၊ CRPH အမည်ခံအကြမ်းဖက်အဖွဲ့များသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ် ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက် ဖောက်ခွဲရေးလုပ်ရပ်များကို အချို့နေရာများတွင် လုပ်ဆောင်လျက်ရှိသည့်အပြင် ကလေးသူငယ်များ၏ ပညာသင်ယူခွင့်ကိုဆုံးရှုံးစေရန်အတွက် ပညာသင်ကြားရေးအတွက် အခြေခံအဆောက်အဉီများဖြစ်သည့် စာသင်ကျောင်းများကို လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ ဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။








































































