news

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလိုက်လံထိုးနှံပေးပြီး ပြန်လည်ထွက်ခွာလာသည့် ကွတ်ခိုင်ပြည်သူ့ ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီးအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က သေနတ်ဖြင့် အကြောင်းမဲ့ ရက်စက်စွာပစ်ခတ်သတ်ဖြတ်

နေပြည်တော်၊ ဒီဇင်ဘာ ၁၅

           ကွတ်ခိုင်ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင်(ပျို) ၅၀ နှစ် (ဘ) ဦးမောင်မောင်အား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ တစ်ဖွဲ့က သေနတ်ဖြင့် အကြောင်းမဲ့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၄ ရက်နေ့ ညဦးပိုင်း၌ ဖြစ်ပွားခဲ့သည်။

           ဖြစ်စဉ်မှာ ကွတ်ခိုင်မြို့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီး ၅ ဦးနှင့် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင် ဦးစီး ၅ ဦးတို့သည် ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာ၌ ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီမှ စတင်၍ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ညနေ ၆ နာရီခန့်တွင် မော်တော်ယာဉ် ၂ စီးဖြင့် တာမိုးညဲသို့ ပြန်လည် ထွက်ခွာလာရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစီးအဖွဲ့သည် တာမိုးညဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ကာကွယ်ဆေးထိုးနှံမှုမှတ်တမ်း ခေတ္တဝင်ရောက်ယူနေစဉ် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင်နှင့် ၅ ဦးပါ အဖွဲ့သည် ကွတ်ခိုင်မြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၄ 

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး တို့လိုက် ပါပြီး ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ တပ်မတော် ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ) သို့သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မဂ္ဂါဝပ် ၃၀၊ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ သွားရောက်ကြည့်ရှုအားပေး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားမှတ်ပုံတင်ကတ်များ ပြုလုပ်ပေးနေမှုအားစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၄ 

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ဦးခင်ရီ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး တို့လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည် မြို့နယ်၊ သပြေဝကျေးရွာရှိ Clean Power Energy Co. Ltd မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မဂ္ဂါဝပ် ၃၀ ၊ သပြေဝ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အား ပေး စက်ရုံစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

နေပြည်တော်၊ ဒီဇင်ဘာ ၁၄

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (လေ)များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာ တပ်နယ်ရှိ လေကြောင်းအတက်သင်လေတပ် စခန်းဌာနချုပ်၌ ပြသထား သည့် (၇၄) နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်း များအား ကြည့်ရှု သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်   ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး  (၁/၂၀၂၁) သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၁၄

          လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၁) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုကာကွယ် စောင့်ရှောက် ရေးဆိုင်ရာအမျိုးသားကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာ စကားပြောကြားသည်။

 

နေပြည်တော်၊ ဒီဇင်ဘာ - ၁၄

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၁၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၇၅ ဦး၊ စုစုပေါင်း ၁၅၇ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၆ ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။

 

နေပြည်တော်၊ ဒီဇင်ဘာ - ၁၄

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူ များ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

 

နေပြည်တော်၊ ဒီဇင်ဘာ-၁၄

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ကြိုးပမ်း ဆောင်ရွက်ပေး လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် NUG၊ CRPH နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကိုပါ ပျက်ပြားစေရန် အကြမ်းဖက်တိုက်ခိုက်မှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။