နေပြည်တော်၊ စက်တင်ဘာ- ၁၄
ပဲခူးမြို့၊ ဧရာဝတီဘဏ်မှ မြန်မာကျပ်ငွေ ၄ ဘီလီယံခန့်အား ဘူးလယ်အင်း ကျေးရွာအနီး ကားလမ်းမပေါ်တွင် PDF အကြမ်းဖက်အဖွဲ့တို့က လုယက်သွားမှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင်ကြိုးပမ်းမှုဖြင့် တရားခံများအား ၉ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရရှိခဲ့မှုဖြစ်စဉ်တွင် ပြန်လည် သိမ်းဆည်းရမိသည့် ငွေစက္ကူများအား စစ်ဆေးရေးဘုတ်အဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း ၃၈၈၅၀ ကျပ်ဖြစ်ကြောင်း သိရှိရသည်။


























