news

 

နေပြည်တော်၊ မေ ၃

              ဧရာဝတီတိုင်းဒေသကြီ၊ ဟင်္သာတမြို့၌ အများပြည်သူသွား လမ်းမကြီးပေါ်ရှိ ဓာတ်တိုင်များနှင့် စာသင်ကျောင်း ခြံစည်းရိုးအုတ်တံတိုင်းများတွင် နိုင်ငံတော်ဆန့်ကျင်ရေး လှုံ့ဆော်စာသားများပါ စာရွက်များ လိုက်လံကပ်နေသူ အမျိုးသား ၂ ဦးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့၌ လုံခြုံရေးဆောင်ရွက်နေသည့်တပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက အကြမ်းဖက်ရန်ပြုတိုက်ခိုက်

နေပြည်တော်၊ မေ ၃

               မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်ပညာရေးမှူးရုံးအနီး ထီးလင်း-ဂန့်ဂေါသွား ကားလမ်းပေါ်သို့ အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ယနေ့ နံနက် ၆  နာရီခန့် တွင် ဆိုင်ကယ်ဖြင့်‌ ရောက်ရှိလာပြီး လက်လုပ်မိုင်း ၁ လုံး ပစ်ချထွက်ပြေးခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၏ နေအိမ်အား ဆူပူအကြမ်းဖက်သူများက ဝင်ရောက်ဖျက်ဆီး

နေပြည်တော်၊ မေ ၃

               ၂၀၂၁ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့ရှိ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၏ နေအိမ်အား ဆူပူအကြမ်းဖက်သူများက ဝင်ရောက်ဖျက်ဆီးခဲ့မှုကြောင့် နေအိမ်အတွင်းရှိ ပစ္စည်းများပျက်စီးခဲ့ကြောင်း သိရသည်။

 

နေပြည်တော်၊ မေ - ၃

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအားပြုလုပ်သူ၊ လက်ဝယ်ထားရှိသူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၁ ခုနှစ်​၊ မေလ၂ရက်နေ့ နံနက် ၃ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊သဲကုန်းကျေးရွာရှိ တီဘီရောဂါအထူးကုဆေးရုံဝန်ထမ်း အိမ်ရာတိုက်အမှတ်(A)၊ အခန်း(၁)နေဒေါက်တာရဲဟိန်းအောင်(၂၉)နှစ်(ဘ)ဦးကိုကိုကြီးနှင့် ၎င်း၏ ဇနီးဖြစ်သူဒေါ်နှင်းဝေလှိုင်(သူနာပြု)(၃၃)နှစ် (ဘ)ဦးစိုင်းမောင်အေးတို့၏ တိုက်ခန်းအတွင်းမှ ၎င်းတို့ ၂ ဦးနှင့်အတူ ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့်ဓားရှည် ၁ ချောင်း၊ သံတုတ် ၁ ချောင်း၊ လှံ ၁ ချောင်း၊ ဂျင်ကလိ၁၄ချောင်း၊ လေးခွ၁လက်၊ ကျည်ကာအင်္ကျီ၁ထည်၊ စတီးဘောစေ့၂၈၀လုံးနှင့် အခြား ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ အလားတူနံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ၉ လမ်းနှင့် ၁၀လမ်းကြား၊၈၈လမ်းနှင့် ၉၀ လမ်းကြားနေဇင်မျိုးထွန်း(၂၀)နှစ် (ဖ)ဦးကံချွန်၏ နေအိမ်အတွင်းမှ ဇင်မျိုးထွန်းအား လက်လုပ် သေနတ်၂လက်နှင့်လည်းကောင်း၊ အလားတူနံနက် ၄ နာရီခွဲအချိန်တွင် သပိတ်ကျင်းမြို့နယ်၊ (ဇ)ရပ်ကွက်နေစိန်ဌေး(၄၃)နှစ် (ဘ)ဦးကျောက်ဖြူ၏နေအိမ်အတွင်းမှ စိန်ဌေးအား ဆူပူအကြမ်းဖက် မှုလုပ်ရပ်များတွင် အသုံးပြုသည့် ကျည်ကာဝတ်စုံ ၃ စုံ၊ ဦးထုပ် ၃ လုံး၊ စစ်ဖိနပ် ၁ ရံ၊ လေးခွ၁လက်၊ကုန်းသီး၇လုံး၊ကျောက်ပေသီး၁၀လုံး၊ယမ်းမှုန့်၁ထုပ်၊ယမ်းမီးခြစ်၅ခု၊အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် အကြမ်းဖက်ဖျက်ဆီးမှုလုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော်၊ မေ ၃

             နိုင်ငံတော်အတွင်း  ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အဦ များ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာ လှုပ်ရှားနေသော လမ်းမကြီးများနှင့် နိုင်ငံတော်ပိုင်အဆောက်အဦများအား

 

 

 

 

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့်  CDM လှုပ်ရှားမှုတွင်

ပါဝင်သည့်ပညာရေးဝန်ထမ်းများအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့်

အမှုဖွင့်အရေးယူဆောင်ရွက်(၃-၅-၂၀၂၁)

မြို့နယ်အချို့၌လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှလက်လုပ်သေနတ်များအားအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက်အပ်နှံ

နေပြည်တော်၊ မေ - ၃

             တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသောလက်လုပ်သေနတ်များအားအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိကြောင်း သိရှိရသည်။

 

 

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်(၃-၅-၂၀၂၁)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံနှင့် မြဝတီမီဒီယာစင်တာ ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ်

နေပြည်တော်  မေ  ၂

        ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းရှိ မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံနှင့် မြဝတီမီဒီယာစင်တာ ဖွင့်ပွဲအခမ်းအနားများအား ယနေ့ နံနက် ပိုင်းတွင် ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။