နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇန်နဝါရီ - ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များ၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။







































