news

 

နေပြည်တော်၊ ဒီဇင်ဘာ - ၁၆

          ချင်းပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကြရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ကျန်းမာရေးဝန်ထမ်းများ တက်ရောက် ကြသည်။

 

နေပြည်တော်၊ ဒီဇင်ဘာ - ၁၆

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

 

နေပြည်တော်၊ ဒီဇင်ဘာ - ၁၆

          ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

(၇၄)နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် အန္တရာယ်ကင်း ပရိတ်တရားနာယူ ဆွမ်းကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော် ဒီဇင်ဘာလ ၁၅

          (၇၄)နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြု စစ်ရေးပြအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များ၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

နေပြည်တော်၊ ဒီဇင်ဘာ - ၁၅

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

 

နေပြည်တော်၊ ဒီဇင်ဘာ - ၁၅

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၁၄ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၃၁ ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျန်းမာရေး ဝန်ထမ်းများအား အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းအပေါ်

ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်

          ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထုအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ခြင်းလုပ်ငန်းတစ်ရပ်အနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းကို မြို့ပေါ်ဒေသများတွင်သာမက ဝေးလံခက်ခဲသော ကျေးလက်များအထိ သွားရောက် ကာ ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားစေပြီး ရောဂါဖြစ်ပွားမှုအား တားဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးဝန်ထမ်း များသည် ကာကွယ်ဆေးထိုးလုပ်ငန်းအောင်မြင်စေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်/ ကျေးရွာအထိ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ ပံ့ပိုးမှုဖြင့် (၁၄-၁၂-၂၀၂၁) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဦးဆောင်ပြီး ကွတ်ခိုင်မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာ ဝင့်ဝင့်မြိုင်နှင့် သားဖွားဆရာမ(၃)ဦး၊ ယာဉ်မောင်း(၁)ဦးပါဝင်သော အဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာသို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် သွားရောက်ခဲ့ပါသည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ CDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဒဏ်ရာရရှိခဲ့သူ ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဝင်းအား ကလေးမြို့ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသရန်  လူနာတင်ယာဉ်ဖြင့် သွားရောက်စဉ် အဆိုပါအကြမ်းဖက်အဖွဲ့က လူနာတင် ယာဉ်အား ပစ်ခတ်တားဆီးကာ ဦးစီးအရာရှိအား ဖမ်းဆီးခေါ်ဆောင်

နေပြည်တော်၊ ဒီဇင်ဘာ-၁၅

          ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ CDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ် ခဲ့၍ ဒဏ်ရာရရှိခဲ့သူ ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဝင်းအား ကလေးမြို့ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသရန်  လူနာတင်ယာဉ်ဖြင့် သွားရောက်စဉ် အဆိုပါအကြမ်းဖက်အဖွဲ့က လူနာတင်ယာဉ် အား ပစ်ခတ်တားဆီးကာ ဦးစီးအရာရှိအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

(၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၁၅

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ရက်တွင် ကျရောက်သည့် (၄၇)နှစ်မြောက် ရခိုင် ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဦးဉတ္တမခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်မန်းငြိမ်းမောင်၊ဒေါ်အေးနုစိန်၊ဦးမောင်းဟာ၊  ပြည်ထောင်စုဝန်ကြီးများဖြစ် ကြသည့် ဉီးမောင်မောင်အုန်း၊ ဒေါက်တာ ညွန့်ဖေ၊ ဉီးမင်းသိန်းဇံ၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဉီး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြ သည်။