တိုက်ပွဲရှောင် နေရပ်ပြန် မြိုတိုင်းရင်းသား အိမ်ထောင်စုဝင်များအား တွေ့ဆုံ

Tuesday, March 15, 2022 - 14:30

 

နေပြည်တော်၊ မတ် ၁၅                                                             

                 ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာနှင့် အထက်မြတ်လှဲ ကျေးရွာ တိုက်ပွဲရှောင်စခန်းတွင် နေထိုင်လျက်ရှိသော မြိုတိုင်းရင်းသား အိမ်ထောင်စု ၁၅၀ စုအား ပြန်လည်နေရာချထားရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ဆောင် ရွက်မှုဖြင့် မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာအုပ်စုအတွင်း ကျောက်ပန္ဒူ- စေတီပြင် ကျေးရွာသွား ကားလမ်းဘေးတွင် မြိုတိုင်းရင်းသား ကျေးရွာသစ်မြေနေရာကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါမြေနေရာတွင် ပထမအသုတ် ရွှေ့ပြောင်း အခြေချနေထိုင်ကြမည့် တိုက်ပွဲရှောင် နေရပ်ပြန် မြိုတိုင်ရင်းသား အိမ်ထောင်စုဝင် ၅၀ စုအား ယနေ့မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ တို့က စစ်တွေမြို့ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး ခန်းမဆောင်၌ ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။

                 ဦးစွာ တိုင်းမှူး က ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စရပ်များနှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည် နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က မောင်တောမြို့နယ်၊ ကျောက်ပန္ဒူ ကျေးရွာတွင် မြိုတိုင်းရင်းသား အိမ်ထောင်စုများအတွက် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသော ကျေးရွာအား စံပြကျေးရွာအဆင့် ဖြစ်လာစေရန်အတွက် ပြည်နယ် အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ကျေးရွာသစ်သို့ ရွှေ့ပြောင်းရန်အတွက် မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။

                 ထို့နောက် မြို့တိုင်းရင်းသား ခေါင်းဆောင်များနှင့် မြို့တိုင်းရင်းသား စာပေ နှင့်ယဉ်ကျေးမှုအဖွဲ့တို့မှ တာဝန်ရှိသူများက လိုအပ်ချက်များကို ဆွေးနွေး တင်ပြကြရာ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။