news

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ အေးချမ်းတည်ငြိမ်စွာ ဖွင့်လှစ်သင်ကြား

နေပြည်တော်၊ ဇွန် - ၁၁

         ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံ ပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ချက်

အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း

ရာသီဥတုဆိုးရွားမှုကြောင့် ဈေးကုန်းဆရာတော်ဘုရားကြီးနှင့် အလှူရှင်များ လိုက်ပါလာသည့် တပ်မတော်လေယာဉ် အနီးစခန်းလေဆိပ်သို့ ဆင်းသက်စဉ် ပျက်ကျ

နေပြည်တော်၊ ဇွန် - ၁၀

          မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအုပ်စု၊ ကျောက်ဖျာဒိုးကျေးရွာတွင် ဆောက်လုပ်မည့် မဟာဝိသုတာရာမဈေးကုန်း ပရိယတ္တိ စာသင်တိုက်ကြီး ပန္နက်တော်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရန် အတွက် ဈေးကုန်းဆရာတော် ဒေါက်တာဘဒ္ဒန္တကဝိသာရ အပါအဝင် သံဃာနှင့် အလှူရှင် ၈ ဦးနှင့်အတူ လေယာဉ်အမှုထမ်း ၆ ဦး လိုက်ပါလာသည့် တပ်မတော်လေယာဉ်သည် ယနေ့နံနက် ၇ နာရီခန့်တွင် နေပြည်တော်လေဆိပ်မှ အနီးစခန်းလေဆိပ် (ပြင်ဦးလွင်)သို့ ထွက်ခွာလာရာ ၈ နာရီခန့်တွင် အနီးစခန်းလေဆိပ်သို့ ဆင်းသက်စဉ် လေဆိပ်အနီး ပြင်ဦးလွင် သံမဏိစက်ရုံ၏ အရှေ့တောင်ဘက် မီတာ ၄၀၀ ခန့်အကွာ ခန့်မှန်းမြေပုံညွှန်း(ကေအီး-၃၃၄၃၃၂) အရောက်တွင် ဆက်သွယ်မှု ပြတ်တောက် ပျက်ကျခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၌ လက်လုပ်ဗုံး ပစ်ပေါက် ဖောက်ခွဲခဲ့သူ ၂ ဦးအား လက်လုပ်သေနတ် ၁ လက်၊ အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်ဖမ်းဆီးရမိခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအဟောင်းနေအိမ်မှ အကြမ်းဖက်ပစ္စည်းများထပ်မံသိမ်းဆည်းရမိ
နေပြည်တော်၊ ဇွန် ၁၀
    စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၌ လက်လုပ်ဗုံးပစ်ပေါက်ဖောက်ခွဲခဲ့သူ ၂ ဦးအား လက်လုပ်သေနတ် ၁ လက်၊ အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများအတူ ဖမ်းဆီးရမိခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအဟောင်းနေအိမ်မှ အကြမ်းဖက်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။  

မြို့နယ်အချို့၌ လက်လုပ်သေနတ်များအား ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ

နေပြည်တော်၊ ဇွန် ၁၀

             တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့မှ လက်လုပ်သေနတ်များအား ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံကြောင်း သိရသည်။

 

နေပြည်တော်၊ ဇွန် ၉              

            မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် အကြမ်းဖက်လုပ်ဆောင်နေသူများ၊ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ 

 

နေပြည်တော် ဇွန် ၉

          နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အင်းကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ဉက္ကဋ္ဌ  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

 

နေပြည်တော်၊ ဇွန် - ၉

          ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကျုံစုကျေးရွာ၊ နှင်းဆီလမ်း၊ မြသစ္စာအဆောင်နေ အာကာဟိန်းနှင့် ၎င်း၏ဇနီးဖြစ်သူ မအေးအေးထွေး (ဘ)ဦးလုံးစိန် တို့သည် မေ ၉ ရက် နံနက် ၉ နာရီခန့်တွင် စကားများရန်ဖြစ်ရာမှ အာကာဟိန်းမှာ ရရှိဒဏ်ရာများဖြင့် သွေးထွက်လွန်၍  သေဆုံးခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၀၄ အရ ၎င်းအား ဇွန် ၈ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ်(၂၀)နှစ်” အမိန့်ချမှတ်ခဲ့သည်။

 

နေပြည်တော်၊ ဇွန် - ၉

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း၌ မန္တလေးမြို့ဘက်မှ တနိုင်းမြို့သို့ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် အင်ဂျင်ဝိုင်ပေပါများ တင်ဆောင် ထွက်ခွာလာသည့် မော်တော်ယာဉ် တစ်စီးအား KIA အဖွဲ့က မိုင်းဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။