နေပြည်တော်၊ အောက်တိုဘာ - ၁၅
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH ၊ NUG တို့သည် အလုံးစုံပျက်သုန်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းစသည်တို့ကို လုပ်ဆောင်လျက်ရှိသည်။ ၎င်းအပြင် NLD အစွန်းရောက် အများစုပါဝင်သော PDF အဖွဲ့များအနေဖြင့် ၎င်းတို့နှင့် နိုင်ငံရေးခံယူချက်အရ ကွဲပြားပြီး အေးချမ်းစွာ နေထိုင်လိုသည့် ကျေးရွာများကိုလည်း နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ဖိအားပေးခြင်း၊ ၎င်းတို့ကို ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာများကို အင်အားသုံး၍ ဝင်ရောက်စီး နင်းကာ အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက်ညှင်းပမ်းသတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများအား လုယက်ခြင်းတို့ကိုလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက် လုပ်ဆောင်လျက်ရှိသည်။














