ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အား နေပြည်တော်လေဆိပ်တွင် ကြိုဆို နေပြည်တော် မတ် ၂၁

Tuesday, March 22, 2022 - 01:45

ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အား နေပြည်တော်လေဆိပ်တွင် ကြိုဆို

နေပြည်တော် မတ် ၂၁

          နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် မြန်မာနိုင်ငံသို့ လာရောက်သည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် H.E.Mr.Prak Sokhonn  နှင့် အာဆီယံအတွင်းရေးမှူးချုပ် H.E.Dato Lim Jock Hoi အား ယနေ့ နံနက် ပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်းသိရသည်။