ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ
နေပြည်တော် မတ် ၂၁
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် ကမ္ဘောဒီး ယားနိုင်ငံဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မစ္စတာ ပရပ်ဆုတ်ခွန်း နှင့် အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာဒါတိုလင်ကျောက်ဟွိုင်တို့အား ယနေ့၊ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော် ခြင်းသည် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ် ဖြစ်ရမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ယင်းမှတစ်ဆင့် နားလည်မှုနှင့် ယုံကြည်မှုကို တည်ဆောက်နိုင်ကာ အာဆီယံတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်လိမ့်မည်ဟု အလေးထားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်လောင်း ကတိပြုခဲ့ပြီး မြန်မာနိုင်ငံ၏ ကတိကဝတ်သည် အပြောသက်သက်မဟုတ်ဘဲ အလုပ်ဖြင့်သက်သေပြခဲ့သည်မှာ ဂျကာတာတွင် ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကပင် ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြသည်။
ထို့နောက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား နေပြည်တော်ရှိ MGallery Hotel ၌ ညစာဖြင့် တည်ခင်းဧည့်ခံသည်။