news
ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး (၈) ကြိမ်မြောက် အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်
နေပြည်တော် ဇွန် ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ချက်
အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း
ကြည့်မြင်တိုင်မြို့နယ်အတွင်း မုဒိန်းမှုကျူးလွန်ခဲ့သူအား ပြစ်ဒဏ်ချမှတ်
နေပြည်တော်၊ ဇွန် - ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ အလယ်ချောင်ရပ်ကွက်ရှိ အမျိုးသမီးငယ်တစ်ဦးအား သက်နောင်ထွန်း (ဘ)ဦးလှတင် သည် ဧပြီ ၂၉ ရက်မှ မေ ၆ ရက်အထိ အလိုမတူဘဲ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ပြီး မုဒိန်းမှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၇၆(၁) အရ ၎င်းအား ဇွန် ၁၅ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ်(၂၀)နှစ် ” အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိ သည်။
ကျိုင်းတုံမြို့နယ်၊ ပန်လီကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော်၊ ဇွန် - ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ပန်လီ ကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ယနေ့နေ့လယ်ပိုင်းတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက အဆိုပါကျေး ရွာရှိ နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။
အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမ များ၏ နာသုံးနာ လက်ကိုင်ထား၍ ကျောင်းသား၊ကျေိာင်းသူများအပေါ် မိဘသဖွယ်စိတ်ဓာတ်ဖြင့် သင်ကြားရေးတာဝန်ထမ်းဆောင်နေမှုအား အသိအမှတ်ပြုသတင်းထုတ်ပြန်ခြင်း
နေပြည်တော်၊ ဇွန် - ၁၆
မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုအချို့အား လက်နက်ကိုင်အကြမ်းဖက်သူများက အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်
နေပြည်တော်၊ ဇွန် ၁၆
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်၊ လူထုအတွင်း အကြောက်တရားများလွှမ်းမိုးလာစေရန်နှင့် ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ ဓားများ၊ လက်လုပ်ဗုံး၊ လက်ပစ်ဗုံးများအသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။