news

 

နေပြည်တော်၊ ဩဂုတ် - ၂၄

          ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

 

နေပြည်တော်၊ ဩဂုတ် - ၂၄

          နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ နေပြည်တော်ကောင်စီ ဉက္ကဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင် နှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

နေပြည်တော်၊ ဩဂုတ်- ၂၄

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

 

နေပြည်တော် ဩဂုတ်- ၂၄

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၂၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် နန်းတော်စစ်ဆေးရေးဂိတ်မှ အမျိုးသား ၂၆၆ ဦး၊ အမျိုးသမီး ၂၃၁ ဦး၊ စုစုပေါင်း ၄၉၇ ဦးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်၊ ရန်လုံကျိုင်းတံတားမှ အမျိုးသမီး ၁ ဦးကိုလည်း ကောင်း၊ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းမှ အမျိုးသား ၃၃၈ ဦး၊ အမျိုးသမီး ၁၅၆ ဦး၊ စုစုပေါင်း ၄၉၄ ဦးကို လည်းကောင်း အသီးသီးလက်ခံခဲ့သည်။

 

နေပြည်တော်၊ ဩဂုတ်- ၂၄             

          ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံး ပြုရန်အတွက် တပ်မတော်သားများနှင့် စေတနာရှင်အလှူရှင်များက ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် အလှူငွေများ ပေးအပ် လှူဒါန်းလျက်ရှိသည်။

 

နေပြည်တော်၊ ဩဂုတ်- ၂၄

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

 

ရန်ကုန် သြဂုတ် ၂၄     

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာန များနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ် ဆေးသိုလှောင်ခန်းတွင်ထားရှိသည့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို စံချိန်စံညွှန်း များအတိုင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိသည်။

မိုင်းထောင်ဖောက်ခွဲအကြမ်းဖက်လုပ်ရပ်များလုပ်ကိုင်ခဲ့သူများအားလက်နက်/ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၉)ရပ်ကွက်၌ ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် ၂၄

                   အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၁၃ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၉)ရပ်ကွက်ရှိ “ကိုကိုညီညီ”ငါးကင်ဆိုင်သို့ လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ နေလင်း အပါအဝင် စိုးအောင်၊ ပြည့်စုံအောင်နှင့် ဟိန်းမင်းမင်းထက်တို့ ၄ ဉီးကို ပစ္စတို ၁ လက်၊ ကျည်အိမ်   ၁ ခု၊ ၉ မမကျည် ၁၄ တောင့်၊ လက်လုပ်မိုင်း၂ လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

                   ဖမ်းဆီးရမိသူ နေလင်း၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၂၈)ရပ်ကွက်၊ တိုက်အမှတ်(၁၂၆)သို့ သွားရောက်ရှာဖွေခဲ့ရာ လက်လုပ် Air Gun ၈ လက်၊ လက်လုပ်မိုင်းမျိုးစုံ ၅၂ လုံး၊ မီးခိုးဗုံး ၄၆ လုံး၊ လက်လုပ်ပဒေသာမိုင်း ၁၁ လုံးပါ ၁ တွဲနှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်း များကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

                   ထို့ပြင် ဩဂုတ်လ ၁၄ ရက်တွင် ဖြစ်စဉ်နှင့် ဆက်စပ်သူများဖြစ်သည့် ထက်အောင်ခန့် ကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၇)ရပ်ကွက်၊ အမှတ်(၇၃၁)၌ လည်းကောင်း၊ အာကာအောင်(ခ)အာကာ(၃၅)ရပ်ကွက်၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းအနီး၌ လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့သည်။

                   ဖမ်းဆီးရမိသူ ထက်အောင်ခန့်၏ ထွက်ဆိုချက်အရ ဇွန်လ ၂၇ ရက်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ခဲ့သူ  Lion (ဖမ်းဆီးရန်ကျန်)ထံသို့ ပစ်ခတ်ရန်သေနတ်အား NUG အဖွဲ့ဝင်  ချစ်ထွေး(ခ) အီသန် (ဖမ်းဆီးရန်ကျန်)ထံမှ ချိတ်ဆက်ရယူပေးခဲ့ရာတွင် ၎င်းအနေဖြင့် ပူးပေါင်းပါဝင်ကျူးလွန် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။