news

မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာ နေထိုင်သော ပြည်သူလူထုအချို့အား လက်နက်ကိုင်အကြမ်းဖက်သူများက အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

နေပြည်တော်၊ ဇွန် ၂၅

            တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားများလွှမ်းမိုး လာစေရန်နှင့် ငါနှင့်မတူ ငါ့ရန်သူဟူသည့်   တစ်ဖက်သက်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ဓားများအသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်လျက်ရှိသည်။

            ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဇွန်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ပြည်သူ့ဆေးရုံ၌ ကျောင်းဆရာမတစ်ဦး ဒဏ်ရာများဖြင့် ရောက်ရှိ နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ညောင်ဦးမြို့နယ်၊ ပျဉ်းတိုင်း ကျေးရွာနေ ရွှေကဗြူကျေးရွာအခြေခံပညာမူလတန်းကျောင်းအုပ်ဆရာမဖြစ်သူ ဒေါ်လွင်လွင်ဖြိုး (၃၆)နှစ် ()ဦးစိုးကြိုင်အား  လည်ကုတ်၊ ဝဲပုခုံး၊ ကျော၊ လက်ပြင်နှင့် ဝမ်းဗိုက်တို့တွင် ထိုးသွင်း၊ ပြတ်ရှ ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား မေးမြန်းခဲ့ရာ ဒေါ်လွင်လွင်ဖြိုးသည် ရွှေကဗြူကျောင်းမှ ကျောင်းဆင်းသည့်အချိန် ပျဉ်းတိုင်းကျေးရွာရှိ နေအိမ်သို့ တစ်ဦးတည်းဆိုင်ကယ်ဖြင့် ပြန်လာစဉ် ရွှေကဗြူ-ပျဉ်းတိုင်းကျေးရွာချင်းဆက်လမ်းပေါ် ရွာနှစ်ရွာအကြားအရောက်တွင် အကြမ်းဖက်သူ အမျိုးသား ၃ ဦးမောင်းနှင်လာသော ဆိုင်ကယ်တစ်စီးမှ ကပ်လာပြီး ၎င်းအား ချွန်ထက်သည့် အရာဖြင့် ထိုးခဲ့သဖြင့် ဆိုင်ကယ်လဲကျကာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ Mytel တာဝါတိုင်များအား အကြမ်းဖက်သူများမှ မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇွန် ၂၅

            ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ Mytel တာဝါတိုင်များအား အကြမ်းဖက်သူများမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ဇွန်လ ၂၅ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်အချိန်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိမန်တိုကျေးရွာ၊ ကျုံခဝန်ကျေးရွာ၊ တောင်ဒီကျေးရွာနှင့် ဖားပြားကျေးရွာတို့ရှိ Mytel ဆက်သွယ်ရေး တာဝါတိုင်များရှိ မီးစက်များ၊ တာဝါတိုင်လိုင်းသွင်းဆက်သွယ်ရေးဆက်စပ်ပစ္စည်းများနှင့် ဘတ္ထရီအိုး များအား အကြမ်းဖက်သူများမှ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရသည်။

          ထိုကဲ့သို့ အများပြည်သူများ ဆက်သွယ်ရေးကောင်းမွန်စေရေး အတွက် စီစဉ်ဆောင် ရွက်ပေး ထားရှိသည့် ဆက်သွယ်ရေးတာဝါတိုင်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သူများက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ ဇွန် ၂၅

            စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သူများက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ဇွန်လ ၂၄ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် မင်းကင်းမြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြို့နယ်အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် သံပေါက်ကျေးရွာ၏ မြောက်ဘက် ၂ ဖာလုံခန့်အရောက်တွင် လက်နက်ကိုင် အကြမ်းဖက်သူအင်အား ၂၀၀ ဦးခန့်မှ လမ်းဘေးတောင်ကုန်းများမှ နေ၍ တူမီးသေနတ်၊ လက်နက်ငယ်၊ လက်လုပ်ဗုံးများဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ လက်နက်ကိုင်အကြမ်းဖက်သူများမှာ လူစုခွဲဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

          အကြမ်းဖက်သူများ ဆုတ်ခွာထွက်ပြေးသွားသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံ ရှာဖွေခဲ့ရာ တောင်ကုန်းများပေါ်မှ အကြမ်းဖက်သူအမျိုးသား အချို့အား ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး ၎င်းတို့အနီးမှ တူမီးသေနတ် ၉ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ သစ်သားသေနတ်ဒင် ၃ ခု၊ သေနတ်ပြောင်း ၄ ခု၊ ယမ်းမှုန့်များနှင့် ခဲသီးများအား သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိသည်။

ကာကွယ်ရေးဦးစီးချုပ်(ရေ)ဦးဆောင်သည့် မြန်မာ့တပ်မတော်(ရေ)ကိုယ်စားလှယ်အဖွဲ့ နိုင်ငံတကာရေကြောင်းဆိုင်ရာ ကာကွယ်ရေးပြပွဲတက်ရောက်၊ ရုရှားရေတပ်ဦးစီးချုပ် နှင့်တွေ့ဆုံ

နေပြည်တော်၊ ဇွန် - ၂၄

         နိုင်ငံတကာရေကြောင်းဆိုင်ရာကာကွယ်ရေးပြပွဲ(International Maritime Defence Show (IMDS-2021)) ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Saint Petersburg မြို့၌ ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သည့် မြန်မာ့တပ်မတော်(ရေ)ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ကြ သည်။

ပျဉ်းမနားအရှေ့ခြမ်းတောင်ပေါ်ဒေသရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များနှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ဇွန် - ၂၄

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားအရှေ့ခြမ်းတောင်ပေါ်ဒေသရှိ ပြဒါး ချောင်း၊ မြသီတာ၊ ဘို့မအထက်၊ အောင်ဘိသိတ်၊ ဝေသာလီ၊ ဆိတ်ဖူးတောင်၊ ကိုးရွာ ကျေးရွာများနှင့် ဂမုန်းတောင်ကျေးရွာတို့မှ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ဇွန် ၂၃ ရက်နှင့် ယနေ့တို့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင် နှင့် အဖွဲ့ဝင်များက နယ်မြေခံတပ်ခန်းမနှင့် ကျေးရွာတို့၌ သွားရောက် တွေ့ဆုံသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ချက်

အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်လုယူရန် ကြိုးစားခဲ့သူ အကြမ်းသမား ၁ ဦးအား ခြောက်လှန့်ပစ်ခတ်ဖမ်းဆီး

နေပြည်တော်၊ ဇွန် ၂၄

             ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်လုယူရန် ကြိုးစားခဲ့သူ အကြမ်းသမား ၁ ဦးအား ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ရန်လင်းအောင်(ခ)မိုးတိမ်နှင့် ဝေယံလင်း(ခ)ထွန်းတောက်နိုင် အပါအဝင် ၄ ဦးအား လက်နက်/ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် ၊ ဇွန် -၂၄

              ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်/ထောက်ခံအားပေး သူ များအနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြား စေရန် ရည်ရွယ်၍ ဖောက်ခွဲရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင် လာသည်ကို တွေ့ရှိ ရသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ်ဖမ်းဆီး နိုင်ရေးလိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံ၊ RIA သတင်းဌာနမှ သိရှိလိုသည်များအား လက်ခံဖြေကြား

နေပြည်တော် ဇွန် - ၂၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ RIA သတင်းဌာန မှ အထူးသတင်းထောက် Ms. Kukushkina Tatiana အား ခေတ္တတည်းခိုလျက်ရှိသည့် Metropol Hotel ၌ လက်ခံတွေ့ဆုံ၍ သိရှိလိုသည်များကို ဖြေကြားသည်။