လားရှိုးမြို့ရှိ COVID-19 ကုသရေးစင်တာ(၁) ပြင်ဆင်နေမှုအား ကြည့်ရှု၊ အလှူငွေများ ပေးအပ် လှူဒါန်း
နေပြည်တော်၊ ဇွန် - ၂၇
လားရှိုးမြို့ရှိ COVID-19 ကုသရေးစင်တာ(၁) ပြင်ဆင်နေမှုအား ကြည့်ရှု၊ အလှူငွေများ ပေးအပ် လှူဒါန်း
နေပြည်တော်၊ ဇွန် - ၂၇
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန် ၂၇
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ ဇွန်လ ၂၆ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ငဖဲ မြို့နယ်၊ မြို့မရပ်ကွက်ရှိ ဦးမောင်မောင်လွင်(ခ)ကိုပေါက် (စိစစ်ဆဲ)ပိုင်ဆိုင်ပြီး လူနေထိုင်ခြင်း မရှိ သည့်နေအိမ်၌ လက်လုပ်ဗုံးများပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးရာ အဆိုပါနေအိမ်အတွင်းမှ လက်လုပ်မိုင်း ၂၁ လုံး၊ လက်လုပ်ကျည်ဆံ ၁၃ တောင့်၊ အရှည် ၁၅၀ ပေခန့်ရှိ ယမ်းကြိုးခွေ ၁ ခွေ၊ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Republic of Tatarstan ၏ ရိုးရာနွေရာသီပွဲတော် (Sabantuy) အခမ်းအနားသို့ တက်ရောက်
နေပြည်တော် ဇွန် - ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန်နံနက်ပိုင်းတွင် Republic of Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov ၏ ဖိတ်ကြား ချက်အရ Republic of Tatarstan ၏ ရိုးရာနွေရာသီပွဲတော် (Sabantuy) အခမ်း အနားသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan ၊ Kazan မြို့တော်ရှိ Kazan Higher Tank Red Banner Command School သို့ သွားရောက်ကြည့်ရှုလေ့လာ
နေပြည်တော် ဇွန် - ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Republic of the Tatarstan၊ Kazan မြို့တော်ရှိ Kazan Higher Tank Red Banner Command School သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား Kazan Higher Tank Red Banner Command School မှ ခေတ္တကျောင်းအုပ်ကြီး Colonel Alexander Urin နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေကြသည့် ကိုယ်စားလှယ်အဖွဲ့များ Kazan မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
နေပြည်တော် ဇွန် - ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်အဖွဲ့များ သည် ဇွန် ၂၅ ရက်တွင် Republic of the Tatarstan ၊ Kazan မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဟုမ္မလင်းမြို့ရှိ ဟုမ္မလင်းကောလိပ်၌ COVID – 19 ရောဂါပိုး တွေ့ရှိလူနာများ ထားရှိနိုင်ရေး အတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်
နေပြည်တော်၊ ဇွန် - ၂၆
ပါရမီပျိုးခင်းသွေးလှူအသင်းမှ မန္တလေးနန်းမြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ လာရောက် သွေးလှူဒါန်း
နေပြည်တော်၊ ဇွန် - ၂၆
မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများ၌ ပြသရန် အခက်အခဲရှိသည့် ရပ်နီး/ ရပ်ဝေးမှ ကျန်းမာရေးချို့တဲ့သည့် ပြည်သူများအား အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဖွင့်လှစ်ထားရှိသည့် ယာယီအရေးပေါ်ကုသရေးဆေးရုံနှင့် ကွပ်ကဲမှုအောက် တပ်နယ်များရှိ တပ်မတော်ဆေးရုံများ၌ ကုသပေးလျက်ရှိသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၌ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့တို့တွင် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး
၂၀၂၁ ခုနှစ်၊ ဇွန်၂၆
၂၀၂၁ ခုနှစ်၊ ဇွန်လ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မြန်မာနိုင်ငံအတွင်း တစ်နှစ်တာကာလ ဖမ်းဆီးရမိ မူးယစ်ဆေးဝါး နှင့်ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် COVID 19 ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့တွင် ပြုလုပ်ခဲ့သည်။
အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် အလှူရှင် များက COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်း
နေပြည်တော်၊ ဇွန် - ၂၆
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ နှင့် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် COVID-19 ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများအား အလှူရှင်များက ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်း တွင် တိုင်းစစ်ဌာနချုပ်၊ ရွှေလီရိပ်သာရှိ ရွှေလီရတနာဧည့်ခန်းမဆောင်၌ ပြလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ချက်
အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း