news

International Army Games-2021 ပြိုင်ပွဲ၏ ဆက်စပ်ပြိုင်ပွဲတစ်ရပ်ဖြစ်သည့်  Creative Competition ပြိုင်ပွဲတွင် မြန်မာ့တပ်မတော်မှ ယဉ်ကျေးမှုတပ်ဖွဲ့ဝင်များ ပထမဆုတစ်ဆု၊ ဒုတိယဆု နှစ်ဆု နှင့် တတိယဆု တစ်ခုဆွတ်ခူးရရှိ

နေပြည်တော်၊ စက်တင်ဘာ - ၂

          မြန်မာ့တပ်မတော်အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဩဂုတ် ၂၂ ရက်မှ စတင်၍ ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 ပြိုင်ပွဲတွင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့်အတူ တင့်ကားစွမ်းရည် ပြိုင်ပွဲ၊ လက်ဖြောင့်သေနတ်ပစ် စွမ်းရည်ပြိုင်ပွဲ၊ စစ်မြေပြင်ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲ၊ လေကြောင်းချီတပ်စုများ စွမ်းရည်ပြိုင်ပွဲများအပြင်  ဆက်စပ်ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြိုင်ပွဲ Creative Competition တွင်လည်း ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိသည်။

          ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာ့တပ်မတော်မှ ယဉ်ကျေးမှု တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၂ ရက်မှစတင်၍ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ပြိုင်ပွဲဝင် ရိုးရာယဉ်ကျေးမှု တပ်ဖွဲ့ဝင်များနှင့်အတူ  ပြိုင်ပွဲအသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရိုးရာဝတ်စုံဖြင့် ဖျော်ဖြေတင်ဆက်ပြသမှုတွင် ပထမဆု၊ ရုရှားသီချင်းဖြင့် တစ်ဦး ချင်းသီဆိုဖျော်ဖြေတင်ဆက်မှုတွင် ဒုတိယဆု၊ နိုင်ငံ့ရိုးရာယဉ်ကျေးမှုကို ပေါ်လွင် ထင်ဟပ်အောင်ဖျော်ဖြေတင်ဆက်ပြသမှုတွင် ဒုတိယဆု တို့ကို ဆွတ်ခူးရရှိခဲ့သည့် အပြင် အွန်လိုင်းမှတဆင့် ပရိတ်သတ်များ၏ မဲပေးရွေးခြယ်မှုတွင်လည်း တတိယဆု ကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

          မြန်မာ့တပ်မတော် ယဉ်ကျေးမှု တပ်ဖွဲ့ဝင်များအနေဖြင့် International Army Games ပြိုင်ပွဲ၏ ဆက်စပ်ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြိုင်ပွဲ Creative Competition ကို ၂၀၁၈ ခုနှစ်ကတည်းကပင် နှစ်စဉ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် စုံတွဲအကအကောင်းဆုံးဆု၊ စုံတွဲအတီးအကောင်းဆုံးဆု၊ ရိုးရာဝတ်စုံအကောင်းဆုံးဆုများကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် အဆို၊ အက၊ အတီး အကောင်းဆုံးဆုများကိုလည်းကောင်း၊ ၂၀၂၀ ခုနှစ် တွင် အက တတိယအကောင်းဆုံးဆု၊ ရုရှားသီချင်းသီဆိုဖျော်ဖြေမှု အကောင်းဆုံး ဆုများကို လည်းကောင်း အသီးသီးရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

          မြန်မာ့တပ်မတော် ယဉ်ကျေးမှု တပ်ဖွဲ့ဝင်များအနေဖြင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြိုင်ပွဲ Creative Competition များတွင် မြန်မာ့ရိုးရာတူရိယာပစ္စည်းများ၊ သီချင်းများ၊ အက၊ အလှများဖြင့် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုစရိုက် လက္ခဏာများနှင့် ယဉ်ကျေးမှု အက၊ အလှတို့ကို ကမ္ဘာကသိအောင် စွမ်းဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

 

နေပြည်တော်၊ စက်တင်ဘာ - ၂

         ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Kuzhugetovich Shoigu၏ ဖိတ်ကြားချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန်အတွက် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ Sheremetyevo လေဆိပ်သို့ ရောက်ရှိကြသည်။

 

နေပြည်တော်၊ စက်တင်ဘာ - ၁

          ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေ သကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူဝယ်ယူနိုင်ရေး အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီ လက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၁၅ ခုမှ အိမ်သုံးဆေးဝါး ၂၀၈ မျိုးကို ရောင်းချ ပေးလျက်ရှိပြီး ငွေကျပ် ၅၁ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချ ခဲ့သည်။

 

နေပြည်တော်၊ စက်တင်ဘာ - ၁

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။

 

နေပြည်တော်၊ စက်တင်ဘာ - ၁

          ပြည်ပမှပြန်လည်ရောက်ရှိလာမည့်သူများကို လက်ခံထားရှိမည့် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးစီမံ ခန့်ခွဲမှုသင်တန်း ကျောင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးစခန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်း တွင် ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ သည်။

 

နေပြည်တော်၊ စက်တင်ဘာ - ၁

          တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွား များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း 

နေပြည်တော်၊ စက်တင်ဘာ - ၁

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် ပြည်သူ့ဆေးရုံနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာများအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အထွေထွေ ရောဂါကုဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၅၀ လုံး၊ Oxygen Regulator ၅၀ ခုနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေးအဖွဲ့ အစည်းများက အသီးသီး သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန် ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၁

          ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ရန်ကုန် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက တိုင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြ ကြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။