နေပြည်တော်၊ နိုဝင်ဘာ - ၂
အကြမ်းဖက်အဖွဲ့ဖြစ်သည့် NUG အဖွဲ့သည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက် လုပ်ငန်းများကို စတင်ဆောင်ရွက်ရန် စက်တင်ဘာလ ၇ ရက်တွင် ကြေညာခဲ့ပြီး နောက် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အချို့ဒေသများတွင် အကြမ်းဖက်မှုလုပ်ရပ်များကို ဦးတည်လုပ်ဆောင် လျက်ရှိသည်။ ထိုသို့အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာတွင် ဒေသခံ ပြည်သူလူထုအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ကျန်းမာရေးကိစ္စရပ်များ အတွက် အလေးထားအသုံးပြုလျက်ရှိသော လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူလူထုအား စိုးရိမ်ထိတ်လန့်စေ၍ မြို့၊ ရွာများတွင် မနေထိုင်ရဲစေရေး မြို့၊ ရွာများအား မီးရှို့ဖျက်ဆီးခြင်းများအပြင် ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
















