ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး  ဝမ်တာပုံရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေ ကြည့်ရှုစစ်ဆေး နေပြည်တော် ဧပြီ ၇

Thursday, April 7, 2022 - 16:15

 ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး
 ဝမ်တာပုံရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့်
အခြေအနေ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၇

 

                        လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက် (၁၇)မိုင် ခန့်အကွာ ဝမ်တာပုံကျေးရွာ အထက်ဘက် နမ့်လွေမြစ်ပေါ်တွင် တည်ဆောက်ရန် လျာထားဆောင် ရွက်မည့် ဝမ်တာပုံရေအားလျှပ်စစ်စီမံကိန်းကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

          ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းမှူးနှင့်အဖွဲ့သည် ဝမ်တာပုံ ရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်မည့်နေရာသို့ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့်တာဝန်ရှိသူများ က စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ပဏာမစူးစမ်းလေ့လာတိုင်းတာ ရရှိထားမှုနှင့် စီမံ ကိန်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်း တင်ပြကြသည်။

            ယင်းနောက် ပြည်ထောင်စုဝန်ကြီးက  မိမိတို့ပြည်တွင်းရှိ ရေအားလျှပ်စစ် အရင်း အမြစ်များမှ ဓာတ်အားထုတ်လုပ်မှုနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားများကို ဦးစား ပေး ထုတ်လုပ်ရန် စီမံဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့နိုင်ငံအတွင်းရှိ မြစ်ချောင်းများ ပေါ်၌ ရေအားလျှပ်စစ် စက်ရုံစီမံကိန်းများ ဆောင်ရွက်ခြင်းအားဖြင့် မြစ်ကြီးများ၏ ရေစီး သန်မှုကို ထိန်းပေးနိုင်ခြင်း အပြင် မြစ်ရေကြီး ရေလျံမှုနှင့် နွေရာသီရေခန်းခြောက်မှုကို တစ်စိတ်တစ်ပိုင်း ထိန်းညှိပေးနိုင်မှု အကျိုးကျေးဇူးရရှိလာမည် ဖြစ်သည့်အပြင် အချို့သော နေရာများ၌ ရေကြောင်းသွား လာရေး၊ ကုန်စည်ပို့ဆောင်ရေးများ ဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း။

            ယခုလာရောက် ကြည့်ရှုသည့် ဝမ်တာပုံ ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက်(၁၇)မိုင်ခန့်အကွာ ဝမ်တာပုံ ကျေးရွာအထက်ဘက် နမ့်လွေမြစ် ပေါ်တွင် Gravity Dam တည်ဆောက်၍ စက်တပ်ဆင် အင်အား(၈၈) မဂ္ဂါဝပ်ရှိ ဓာတ်အား ပေးစက်(၂)လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား (၁၇၆)မဂ္ဂါဝပ်ကို ထုတ်လုပ်ပေးနိုင်ပြီး နှစ်စဉ်ပျမ်းမျှလျှပ်စစ် ဓာတ်အား ကီလိုဝပ်နာရီ သန်းပေါင်း (၈၀၂)သန်းခန့် ထုတ်လုပ်နိုင် မည်ဟု ပဏာမလေ့လာ စူးစမ်းမှုအရ တွေ့ရှိရ သဖြင့် စီမံကိန်းမှထွက်ရှိလာမည့် လျှပ်စစ် ဓာတ်အားများ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူး ပေးနိုင်သည် အထိ အဆင့်ဆင့် ဆက်လက်စူးစမ်းလေ့လာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိရေအားလျှပ်စစ်စက်ရုံများရှိ ရေလှောင်ကန်များ တွင်လာမည့် မိုးရာသီအမီ ရေလုံလောက်သည့်အထိ ဝန်အားလျော့ချ ထိန်းသိမ်း၍ ပြည်သူ များကို အလှည့်ကျ အချိန် ပိုင်းစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေရခြင်းအား နေရောင်ခြည် စွမ်းအင်၊ လေစွမ်းအင်၊ သဘာဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ်စက်ရုံများမှ နည်းလမ်းပေါင်း စုံဖြင့် ထုတ်လုပ် ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း မှာကြားသည်။

          ထို့နောက် စီမံကိန်းဆောင်ရွက်မည့် နေရာပတ်ဝန်းကျင်နှင့် ပင်မတမံတည်ဆောက် ရန် လျာထားနေရာတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)