news

 

နေပြည်တော်၊ အောက်တိုဘာ - ၆

          ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်း  ဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူဝယ်ယူနိုင်ရေး အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီ လက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၉ ခုမှ အိမ်သုံးဆေးဝါး ၁၁၄ မျိုးအား ရောင်းချပေး ခဲ့သည်။

 

နေပြည်တော်၊ အောက်တိုဘာ - ၆

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိသည်။

 

နေပြည်တော်၊ အောက်တိုဘာ - ၆

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။

 

နေပြည်တော်၊ အောက်တိုဘာ - ၆

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၅ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် စစ်ဆေး ရေးဂိတ်၊ ရန်လုံကျိုင်းတံတားမှ အမျိုးသား ၁ ဦးကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှ အမျိုးသား ၂၆၁ ဦး၊ အမျိုးသမီး ၂၃၉ ဦး၊ စုစုပေါင်း ၅၀၀ ဦးကိုလည်းကောင်း အသီးသီးလက်ခံခဲ့သည်။

 

နေပြည်တော်၊ အောက်တိုဘာ - ၆

          ကချင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

 

နေပြည်တော်၊ အောက်တိုဘာ - ၆

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။

 

ရန်ကုန် အောက်တိုဘာ ၆

    ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများအား  တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သား ဆရာ၀န်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အား တိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm များအား သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေး လျက်ရှိသည်။

 

နေပြည်တော်၊ အောက်တိုဘာ - ၆

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။

ထားဝယ်မြို့၊ တိုင်းရင်းသားဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူးနှင့်ယာဉ်မောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေး(အမျိုးသမီးဝန်ထမ်း)တို့အား လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထားဝယ်ဒေသအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသူများအား ထပ်မံဖမ်းဆီးရမိ

နေပြည်တော်၊ အောက်တိုဘာလ- ၆

                 အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရစက်ရုံ၊ အလုပ်ရုံ များအားမီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက် လျက်ရှိရာ ထားဝယ်မြို့၊ တိုင်းရင်းသားဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူး နှင့် ယာဉ်မောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေး(အမျိုးသမီးဝန်ထမ်း)တို့အား လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထားဝယ်ဒေသအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင် နေသူများအနက်မှ လုပ်ကြံသတ်ဖြတ်ရာတွင် ပူးပေါင်းပါဝင်ကျူးလွန်သူများဖြစ်သော တရားခံ ထွန်းထွန်းဦး၊ ရာဇာထွန်း၊ သက်ပိုင်ဦး၊ စိုင်းမင်းသူ၊ မင်းဆက်မှူး တို့အပါအဝင် ဆက်စပ်တရားခံ ကျား(၂၀)ဦး၊ ()ဦး၊ စုစုပေါင်း(၂၃) ဦး ဖော်ထုတ်ဖမ်းဆီးရမိမှုအား စက်တင်ဘာလ ၂၅ ရက်တွင် သတင်းထုတ်ပြန်ပြီး ဖြစ်သည်။

                 တရားခံများ၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၄ ရက်တွင် ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်၊ ကမြောကင်းလမ်းရှိ Gold Sticker ဆိုင်ရှေ့၌ ဆက်စပ် တရားခံ မြတ်ကျော်သူ () ဖိုးကျား () ရဲလေး (၂၀)နှစ်အား ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည် ၄ တောင့်၊ ကျည်အိမ် ၁ ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။