ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့အတွင်း၌ လေပြင်းတိုက်ခတ်ခဲ့သည့် ကျေးရွာ အုပ်စုများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်
နေပြည်တော်၊ ဧပြီ - ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့အတွင်း၌ ဧပြီ ၃ ရက်၊ နေ့လယ်ပိုင်းတွင် လေပြင်းတိုက်ခိုက်မှုကြောင့် ကျေးရွာများရှိ နေအိမ်များပြိုကျ ပျက်စီးခဲ့ပြီး အမိုးလန်ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့များမှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများက ယနေ့တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက် ဆောင်ရွက် ပေးသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ပိတ္တာလေးကျေးရွာအုပ်စု၊ စော်ကဲကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာအုပ်စုနှင့် စံအိပ်ကျေးရွာအုပ်စုတို့တွင် ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် လူနေအိမ် ၉ လုံး အမိုးလန်ပျက်စီးခဲ့ပြီး နေအိမ် ၁၂ လုံး ပြိုကျ ပျက်စီးခဲ့ရာ တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွား ရောက် ဆောင်ရွက်ပေးခဲ့ကြောင်းသတင်း ရရှိသည်။