နေပြည်တော်၊ စက်တင်ဘာ - ၃၀
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂၉ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၅၉ ဦး၊ အမျိုးသမီး ၈၄ ဦး၊ စုစုပေါင်း ၁၄၃ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၂၆ ဦး၊ စုစုပေါင်း ၇၀ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၂၄ ဦး၊ စုစုပေါင်း ၅၉ ဦးတို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၈၇ ဦး၊ အမျိုးသမီး ၁၁၆ ဦး၊ စုစုပေါင်း ၃၀၃ ဦးတို့ကိုလည်းကောင်း အသီးသီး လက်ခံခဲ့ သည်။



















