ငွေကြေးလိမ်လည်ခံရမှုကြောင့် နေရပ်သို့ပြန်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၃ ဦးအား နိုင်ငံတော်အစိုးရက ကူညီ ခေါ်ဆောင်၊ ကျန်ရှိနေသူများအား ထပ်မံခေါ်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိ
နေပြည်တော်၊ စက်တင်ဘာ - ၂၉
ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာနိုင် ရန် အခက်အခဲဖြစ်ပေါ်နေသည့် နိုင်ငံသားများအား ၎င်းတို့နေရပ်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရေးအတွက် လိုအပ်သည့် ကူညီမှုများကို ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အစည်းအဝေးများတွင် လမ်းညွှန်မှာကြားခဲ့သည်။
















