(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ

Sunday, March 27, 2022 - 16:15

(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်းဧည့်ခံသည့် ၂၀၂၂ ခုနှစ်၊ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြု ညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာ ရင်ပြင်၌ ကျင်းပပြုလုပ်သည်။

ဂုဏ်ပြုညစာစားပွဲ စတင်ကျင်းပချိန်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် တပ်မတော်နေ့စစ်ရေးပြကွင်းနှင့် ဘုရင့်နောင်ရိပ်သာတို့မှ မီးရှူးမီးပန်းများ ပစ်ဖောက်ကြသည်။

အခမ်းအနားသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌ တို့နှင့် ၎င်းတို့၏ဇနီးများ၊ ရဲဘော်သုံးကျိပ်ဝင် မိသားစုဝင်များ၊ အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ လွတ်လပ်ရေးမော်ကွန်းဝင် ပထမ အဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် အကြံပေး ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်သားအငြိမ်းစားသံအမတ်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ စစ်ရေးပြမှူးကြီးနှင့် စစ်ကြောင်း၊ တပ်ရင်းမှူးများ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ များမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူများ၏ မိသားစုဝင် များနှင့် ဆွေမျိုးများ၊ သီဟသူရဘွဲ့၊ သူရဘွဲ့နှင့် တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ သူရဲ ကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည် များနှင့် မိသားစုဝင်များ၊ ဆွေမျိုးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အသွင်ပြောင်းပြည်သူ့စစ်၊ မူလပြည်သူ့စစ်နှင့် နယ်ခြားစောင့်ဗဟိုအကြံပေး ကွပ်ကဲရေး အဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့တို့မှ ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ ဝန်ကြီးဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော် သား (အငြိမ်းစား) ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့တို့မှ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်များ၊ ဝိုင်အမ်ဘီအေ အသင်းကြီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအသင်းဗဟိုတို့မှ တာဝန်ရှိသူများ၊ တပ်မတော်နေ့ ဂုဏ်ပြု ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည် တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည် ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ ဖိတ်ကြားထားသည့် အနုပညာရှင်များ၊ တပ်မတော်နေ့အလှူရှင်များ၊ သတင်းမီဒီယာကောင်စီ၊ ရုပ်ရှင် သဘင် ဂီတအစည်းအရုံးနှင့် သေနင်္ဂဗျူဟာ လေ့လာ ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ် မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ တို့သည် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

(၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲတွင် ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတ အဖွဲ့မှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြသည်။

ထို့နောက် (၇၇)နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် Drone ယာဉ်ငယ် များကိုအုပ်စုဖွဲ့၍ စစ်ရေးပြကွင်းအဝင်မုခ်ဦးနှင့်  77 th ARMED FORCE DAY  စာတန်း၊ (၇၇) နှစ်မြောက်တပ်မတော်နေ့ စာတန်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မြေပုံ၊ နိုင်ငံ တော် အလံ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) သင်္ကေတ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) တံဆိပ်များ၊ မင်းကြီးသုံးပါးရုပ်တု၊ တင့်ကား၊ တပ်မတော် ရေယာဉ်၊ ရဟတ်ယာဉ် တို့၏ ပုံသဏ္ဍာန်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အလေးပြုနေသည့် ပုံသဏ္ဏာန်၊ ၇၇ နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုပါသည်စာတန်းနှင့် မီးရှူးမီးပန်း ပစ်ဖောက်နေပုံ တို့ကို Drone ယာဉ်ငယ်ပေါင်း များစွာကို အသုံးပြု၍ မောင်းနှင်အလှပြဂုဏ်ပြုကြသည်။

ညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များက သီဆိုဖျော်ဖြေခဲ့ကြသည့် စစ်သည်၊ စစ်သမီးများအား အမှတ်တရဂုဏ်ပြုပန်းခြင်းများ ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကာ အခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများ ပစ်ဖောက် ကြသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ဇေယျာသီရိဗိမာန် သဘင်ဆောင်အတွင်း၌ စစ်သည်၊ စစ်သမီးများ၊ နိုင်ငံကျော်အနုပညာရှင်များက မြဝတီတေးဂီတအဖွဲ့နှင့်တွဲဖက်၍ မြန်မာ သံစဉ် တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများနှင့် ဟာသ တစ်ခန်းရပ် ပြဇာတ်တို့ဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။