နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး (၇၇)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြသည့် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်များအား ဂါရဝပြုတွေ့

Sunday, March 27, 2022 - 16:00

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး (၇၇)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြသည့် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်များအား ဂါရဝပြုတွေ့ဆုံ

နေပြည်တော် မတ် ၂၇

ယနေ့တွင် ကျရောက်သော (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ      အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ် ဒုတိယ အဆင့် ၂ ဦး နှင့် တတိယအဆင့် ၃ ဦး၊ စုစုပေါင်း ၅ ဦးတို့အား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ် တို့က ယနေ့ နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ဘက် ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံ၍ဂါရဝပြုတွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီးတို့က လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များ၏ ကျန်းမာရေးအခြေအနေများအား တစ်ဦး ချင်းမေးမြန်းအားပေးစကားပြောကြားပြီး အားဖြည့်ငှက်သိုက်များနှင့် ဂါရဝပြုချီးမြှင့်ငွေ များကို ကိုယ်တိုင်ကိုယ်ကျ ဂါရဝပြုပေးအပ်ကြသည်။

          ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီးတို့သည် လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များနှင့်အတူ လက်ဘက်ရည်နှင့် စားသောက်ဖွယ်ရာ များအား အတူတကွသုံးဆောင်ခဲ့ကြကြောင်းသတင်းရရှိသည်။