(၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကျင်းပပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်  တက်ရောက်မိန့်ခွန်းပြောကြား

Sunday, March 27, 2022 - 16:00

(၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကျင်းပပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်  တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် မတ် ၂၇

၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၊ ယနေ့တွင်ကျရောက်သည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြ ကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားသည်။

ဦးစွာ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ကြမည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) အမျိုးသမီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အမျိုးသမီးစစ်ရေးပြတပ်ခွဲတို့သည် စစ်ရေးပြ စစ်ကြောင်းကြီးများအလိုက် သစ်တပ်စစ်ရေးပြကွင်း၌ စတင်စုရုံးရောက်ရှိ နေရာယူကြပြီး စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

ထို့နောက် ဘက်ပိုက်တပ်စုနှင့် ဗဟိုစစ်တီးဝိုင်းအဖွဲ့သည် စစ်ရေးပြကွင်း အတွင်းရှိ သတ်မှတ်နေရာ၌နေရာယူကြပြီး ယန္တရားစစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာထွန်း ဦးဆောင်၍ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုယန္တရားတပ်ခွဲ၊ ဒုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုယန္တရားတပ်ခွဲ၊ သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုယန္တရားတပ်ခွဲ၊ လေကြောင်း ရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်ရုံး ကိုယ်စားပြုယန္တရားတပ်ခွဲ၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု ယန္တရားတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုယန္တရားတပ်ခွဲတို့က ချီတက်နေရာယူကြသည်။

ဆက်လက်ပြီး စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် ရဲကျော်သူ ဦးဆောင်၍ အလံတော် အဖွဲ့၊ ၎င်းနောက်မှ စစ်ကြောင်းမှူး  ဗိုလ်မှူးချုပ် မိုးဇော်ထွန်း ဦးဆောင်သည့် ဂုဏ်ပြု တပ်ခွဲ၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ လေကြောင်း ရန် ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်ရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ သံချပ်ကာယန္တရား တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်လက်နက်ပစ္စည်းညွှန်ကြား ရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စား ပြု စစ်ရေးပြတပ်ခွဲ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ()၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့ ပါဝင်သည့် အနော်ရထာစစ်ကြောင်း ။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ဇော်ပိုင်ထွန်း ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ဆေးဝန်ထမ်းညွှန်ကြား ရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာညွှန်ကြား ရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ()၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲတို့ပါဝင်သည့် ကျန်စစ်သား စစ်ကြောင်း။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် သိန်းထူး ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ()၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ()၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ()၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ() တို့ပါဝင်သည့် ဘုရင့်နောင်စစ်ကြောင်း။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင် ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ()၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ()၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ()၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ()၊   ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြ တပ်ခွဲ()နှင့် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ()တို့ ပါဝင်သည့် အောင်ဇေယျ စစ်ကြောင်း။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ဇော်ဝင်းထွန်း ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ()၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ() အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ()၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေး ပြ တပ်ခွဲ()တို့ ပါဝင်သည့် ဆင်ဖြူရှင်စစ်ကြောင်း။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ဇော်မြင့်ဦး ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊  လေကြောင်းချီ စစ်ရေးပြတပ်ခွဲ၊ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ တို့ ပါဝင်သည့် ဗန္ဓုလစစ်ကြောင်း။

စစ်ကြောင်းမှူး ရဲမှူးချုပ် လူလူသန်း ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသမီး)စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ()၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ()၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသား) စစ်ရေးပြတပ်ခွဲ()၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသား)စစ်ရေးပြတပ်ခွဲ()၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသား) စစ်ရေးပြတပ်ခွဲ()၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုး သား) စစ်ရေးပြတပ်ခွဲ()တို့ ပါဝင်သည့် အောင်ဆန်းစစ်ကြောင်းတို့က စစ်တီးဝိုင်းအဖွဲ့ များနှင့်အတူ စစ်ရေးပြကွင်း အတွင်းသို့ အစီအစဉ်အတိုင်း ချီတက်ကြသည်။

ထိုသို့ ချီတက်ချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၏ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၏ ဇနီးများက  ဂုဏ်ပြုပန်းကုံး များစွပ်၍ ကြိုဆိုကြသည်။ အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိ၊ စစ်သည် မိသားစုများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးတို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ရုပ်ရှင် အနုပညာရှင်များ၊ ဒေသခံ မိဘပြည်သူများ ကလည်း စစ်ကြောင်းကြီးများ ချီတက်ရာ လမ်းတစ်လျှောက် သောင်းသောင်းဖြဖြ ကြိုဆိုကာ ဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုခဲ့ကြပြီး စစ်ကြောင်းကြီးများမှ တပ်မတော် သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် ဇာတိသွေး၊ ဇာတိမာန် အပြည့်ဖြင့် စစ်ချီတေးများကို သံပြိုင်ဟစ်ကြွေးသီဆိုချီတက်လာကြပြီး စစ်ရေးပြကွင်းအတွင်းသို့ ရောက်ရှိနေရာယူ ကြသည်။ ယင်းနောက် ဗိုလ်ကြီး ဒေါ်မေမြတ်မူ ဦးဆောင်သည့် အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ နှင့် ဗိုလ်မှူး ဖြိုးမောင်မောင်ဝင်း ဦးဆောင်သည့် တပ်မတော်(ရေ) အထူးတပ်ဖွဲ့ စစ်ရေးပြတပ်ခွဲတို့က စစ်ရေးပြကွင်း အတွင်းသို့ ဆက်လက် ရောက်ရှိနေရာယူကြသည်။

အဆိုပါ (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ရဲဘော် သုံးကျိပ်ဝင် မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိကြီးများ၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်သား အငြိမ်းစားသံအမတ် ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ် များ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့ သူများ၏ မိသားစုဝင်များနှင့် ဆွေမျိုးများ၊ သီဟသူရဘွဲ့၊ သူရဘွဲ့နှင့် တပ်မတော် စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိခဲ့ကြ သည့် အရာရှိ၊ စစ်သည် များနှင့် မိသားစုဝင်များ၊ ဆွေမျိုးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အသွင်ပြောင်းပြည်သူ့စစ်၊ မူလပြည်သူ့စစ်နှင့် နယ်ခြား စောင့်ဗဟိုအကြံပေးကွပ်ကဲရေး အဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့တို့မှ ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြား ရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးဌာန အသီးသီးတွင် တာဝန် ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သား (အငြိမ်းစား) ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့တို့မှ အငြိမ်းစားညွှန်ကြားရေးမှူးချုပ်များ၊ ဝိုင်အမ်ဘီအေအသင်းကြီး၊ မြန်မာ နိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအသင်းဗဟို တို့မှ တာဝန်ရှိသူများ၊ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည် တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည် ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ တပ်မတော်နေ့အလှူရှင်များ၊ သတင်းမီဒီယာကောင်စီ၊ ရုပ်ရှင်သဘင်ဂီတ အစည်း အရုံးနှင့် သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ တက္ကသိုလ်လေ့ကျင့် ရေး တပ်များမှ တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူ များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ များ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား ကျင်းပသည့် စစ်ရေးပြကွင်းသို့ရောက်ရှိပြီး အလေးပြုခံစင်မြင့်၌ နေရာ ယူရာ စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အလေးပြုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စစ်ရေးပြစစ်ကြောင်းကြီးများအား လိုက်လံ စစ်ဆေးသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၊ စစ်ရေးပြစစ်ကြောင်း ကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံနှင့် ကျဆုံးနေပြီးသော တပ်မတော်သားများအား အလေးပြုကြပြီး သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆိုကြသည်။

             ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က မိန့်ခွန်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား စစ်ရေးပြ မှူးကြီး ဗိုလ်ချုပ် ရဲကျော်သူ ဦးဆောင်သော စစ်ကြောင်းကြီးများမှ တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အစီအစဉ်အတိုင်း စစ်ကြောင်းပုံဖြင့် ညီညာစွာချီတက် အလေးပြုကြပြီး စစ်ရေးပြကွင်းကြီးအတွင်းမှ ပြန်လည်ထွက်ခွာ ကြသည်။

ထိုသို့ ချီတက်အလေးပြုချိန်တွင် တပ်မတော်(လေ)မှ MI-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၂ စီးတို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့်တပ်မတော် အလံတို့ကို ချိတ်ဆွဲ၍လည်းကောင်း၊ H-120  ရဟတ်ယာဉ် ၃ စီးနှင့် H-125 ရဟတ် ယာဉ် ၂ စီးတို့က အမျိုးအစားမတူမြှားခေါင်းပုံ အုပ်ဖွဲ့ပျံသန်းခြင်း Composite Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ Y-12 အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ် ၃ စီး က Vic Formation ပုံစံဖြင့် လည်းကောင်း၊ ATR-42 အမျိုးအစား ပင်လယ်ပြင်ကင်းထောက်လေယာဉ် ၁ စီးနှင့် BEECH 1900D အမျိုးအစား သယ်ယူ ပို့ဆောင်ရေး လေယာဉ် ၂ စီးတို့က အမျိုးအစားမတူအုပ်ဖွဲ့ပျံသန်းခြင်း Composite Vic Formation ပုံစံဖြင့် လည်းကောင်း။

ထို့နောက် K-8 အပေါ့စားတိုက်ခိုက်ရေးလေယာဉ် ၃ နှင့် Yak-130 အပေါ့စား တိုက်ခိုက်ရေးလေယာဉ် ၂ စီးတို့က အမျိုးအစားမတူ မြှားခေါင်းပုံအုပ်ဖွဲ့ပျံသန်းခြင်း Composite Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ K-8 W အပေါ့စား တိုက်ခိုက်ရေးလေယာဉ် ၅ စီးက မြှားခေါင်းပုံ အုပ်ဖွဲ့ပျံသန်းခြင်း Arrow Head Formation ပုံစံဖြင့်ပျံသန်းပြီး  နိုင်ငံတော်အလံကိုယ်စားပြု အဝါရောင်၊ အစိမ်းရောင်၊ အနီရောင်  မီးခိုးများကို ထုတ်လွှတ်၍လည်းကောင်း၊ Fokker 70 သယ်ယူပို့ဆောင်ရေး လေယာဉ် ၁ စီး နှင့် MiG-29 ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် ၂ စီးတို့က အမျိုး အစားမတူ အုပ်ဖွဲ့ပျံသန်းခြင်း Composite Vic Formation ပုံစံဖြင့် လည်းကောင်း၊ Yak-130 အပေါ့စား တိုက်ခိုက်ရေးလေယာဉ် ၅ စီးတို့က မြှားခေါင်းပုံအုပ်ဖွဲ့ ပျံသန်းခြင်း Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ K-8 W အပေါ့စား တိုက်ခိုက်ရေးလေယာဉ် ၅ စီးက ဒုတိယအကြိမ် မြှားခေါင်းပုံ အုပ်ဖွဲ့ပျံသန်းခြင်း Arrow Head Formation ပုံစံဖြင့်ပျံသန်းပြီး နိုင်ငံတော်အလံ ကိုယ်စားပြု အဝါရောင်၊ အစိမ်းရောင်၊ အနီရောင်မီးခိုးများကိုထုတ်လွှတ်၍ လည်းကောင်း၊ F-7 ကြားဖြတ် တိုက်ခိုက်ရေးလေယာဉ် ၅ စီးက မြှားခေါင်းပုံအုပ်ဖွဲ့ပျံသန်းခြင်း Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ MiG-29 ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် ၅ စီးက မြှားခေါင်းပုံစံ အုပ်ဖွဲ့ပျံသန်းခြင်း Arrow Head Formation ပုံစံဖြင့် လည်းကောင်း၊ MiG-29 ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ် ၅ စီးက ဒုတိယ အကြိမ်အဖြစ် Fan Break ခေါ်ယပ်တောင်ပုံခွဲထွက်ပျံသန်းပြီး Flare မီးကျည်များ ပစ်လွှတ်၍လည်းကောင်း အသီးသီးသရုပ်ပြပျံသန်းကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် အား အလေးပြုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် တက်ရောက် လာကြသည့် ဧည့်သည်တော်ကြီးများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကာ စစ်ရေးပြကွင်းကြီးမှ ပြန်လည်ထွက်ခွာခဲ့ပြီး ၂၀၂၂ ခုနှစ်၊ (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်း ခဲ့သည်။

(၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြကျင်းပသော နေပြည်တော်စစ်ရေးပြ ကွင်းကြီးတွင် ခံ့ညားစွာစိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့် တတိယ မြန်မာနိုင်ငံတော် တို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးတို့၏ ကြေးရုပ်တုကြီးများကိုလည်းကောင်း၊ တပ်မတော်နေ့ မီးရှူးတိုင်နှင့် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် တံဆိပ်ကြီးကိုလည်းကောင်း ဝင့်ထည်စွာ တွေ့မြင်နိုင်သည့်အပြင် ဗမာ့လွတ်လပ်ရေး တပ်မတော်အလံ၊ ဗမာ့ကာကွယ်ရေးတပ်မတော်အလံ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အလံများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ညွှန်ကြားရေးမှူးရုံးအလံများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ် အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၏ အမှတ်တံဆိပ်ပါ ရောင်စုံအလံများ တလွင့်လွင့် လွှင့်ထူထားကြသည်ကိုလည်း တွေ့မြင်နိုင်သည်။

ထို့အပြင် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်-မန္တလေး ကားလမ်းမနှင့် ပင်လောင်းလမ်းဆုံတွင် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် ပြီး ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေမည့် တပ်မတော်(ကြည်း၊ရေ၊လေ)စစ်သည်များ ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကြူးထားသော ပိုစတာကြီးများကို စိုက်ထူထားရှိပြီး စစ်ရေးပြ ကွင်းရှေ့ရှိ လမ်းတစ်လျှောက်တွင်လည်း တပ်မတော်၏ ဆောင်ပုဒ်များကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဆိုင်းဘုတ်များစိုက်ထူကာ စာတန်းများကိုလည်း ချိတ်ဆွဲထားရှိကြောင်း သတင်းရရှိသည်။