တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင် နေပြည်တော် မတ် ၉

Wednesday, March 9, 2022 - 16:00

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

နေပြည်တော် မတ် ၉

ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက် အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ် အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold  Chain Delivery  Logistics မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။

        ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ ထားရှိသော ဆေးတစ်လုံးလျှင် လူ ၁၀ ဦးထိုးနိုင်သော Covishield နှင့် ဆေးတစ်လုံးလျှင် လူ ၁၁ ထိုးနှံနိုင်သော Covaxin အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်း တွင် ပို့ဆောင်ပေးရာ   ပြည်မြို့သို့ Covishield ၁၅၄၉၁ လုံးနှင့် ဆေးထိုးအပ် ၁၇၀၃၉၇ ချောင်း၊ မကွေးမြို့သို့ Covishield ၅၆၃၀၁ လုံး၊ Covaxin ၃၀၀၀ လုံးနှင့် ဆေးထိုးအပ် ၆၁၉၃၀၆ ချောင်း၊ ကရင်ပြည်နယ်သို့ Covishield ၉၀၉၁ လုံး၊ Covaxin ၂၀၂၀ လုံးနှင့် ဆေးထိုးအပ် ၁၀၀၀၀၀ ချောင်း၊ ပဲခူးမြို့သို့ Covishield ၆၉၆၆ လုံးနှင့် ဆေးထိုးအပ် ၇၆၆၁၂ ချောင်းတို့ကို မြေပြင်အအေးမပြတ် လမ်းကြောင်း Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးခဲ့ကြောင်း သတင်းရရှိသည်။