ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တည့်ခင်းဧည့်ခံသည့် ကြိုဆိုညစာစားပွဲသို့တက်ရောက် နေပြည်တော် ၊ မတ် -၁၆

Wednesday, March 16, 2022 - 15:45

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တည့်ခင်းဧည့်ခံသည့် ကြိုဆိုညစာစားပွဲသို့တက်ရောက်

နေပြည်တော် မတ် -၁၆

          ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက်အာဆီယံ တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်များအစည်းအဝေး 19 th ASEAN Chiefs of Defence Forces Meeting (ACDFM-19)သို့ တက်ရောက်မည့် ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် ယနေ့ညပိုင်းတွင် ဖနောင်းပင်မြို့ Sokha Hotel ၌ ကမ္ဘောဒီးယားဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General VONG PISEN က တည်ခင်းဧည်ခံသည့် ကြိုဆိုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်သည်။

          အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်အတူ မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့ဝင် များ၊ အာဆီယံနိုင်ငံများမှတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

          ယင်းနောက် ညစာစားပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ကမ္ဘောဒီးယားဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊  အာဆီယံနိုင်ငံများမှတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် ဇနီးများ၊ အခမ်း အနား တက်ရောက်လာကြသူများသည် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြ သည်။

          ညစာသုံးဆောင်နေစဉ်အတွင်း တေးဂီတအဖွဲ့က အာဆီယံနိုင်ငံများမှ သီချင်း များအားတီးမှုတ်၍ ရိုးရာအကအလှများ၊ အကပဒေသာများဖြင့် ကပြ ဖျော်ဖြေ ခဲ့ကြ ကြောင်းသတင်းရရှိသည်။