လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးခဲ့သည့် ကျွန်းစုမြို့နယ်၊ ဝဲကျွန်း ကျေးရွာသို့ တပ်မတော်(ရေ)မှ တပ်မတော်သားများက သွားရောက်ကူညီ နေပြည်တော်၊ မတ် ၂၂

Tuesday, March 22, 2022 - 18:15

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးခဲ့သည့် ကျွန်းစုမြို့နယ်၊ ဝဲကျွန်း ကျေးရွာသို့ တပ်မတော်(ရေ)မှ တပ်မတော်သားများက သွားရောက်ကူညီ

နေပြည်တော်၊ မတ် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် သဲချောင်းကျေးရွာအုပ်စု၊ ဝဲကျွန်းကျေးရွာ၌ မတ် ၂၁ ရက် ညနေ ၄ နာရီခန့်တွင် လေပြင်းများတိုက်ခတ်ပြီး လှိုင်း ရိုက်ခတ်မှုများကြောင့် ကမ်းခြေရှိနေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ယနေ့ တွင် တပ်မတော်(ရေ)မှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးသည်။

တပ်မတော်(ရေ)မှ တပ်မတော်သားများက အဆိုပါကျေးရွာရှိ ရပ်ရွာအုပ်ချုပ်ရေး အဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ ရပ်မိရပ်ဖတို့နှင့်ပူးပေါင်း၍ လေပြင်းတိုက်ခတ်မှုနှင့် လှိုင်း ရိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခြင်းနှင့် လိုအပ်သည့် ကူညီမှုများဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများအတွက် ဆန်နှင့် ဆီ များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။