တာချီလိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေး မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် ဖွင့်ပွဲ ပြုလုပ်
တာချီလိတ် မတ် ၂၂
တာချီလိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန် ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက်ဖွင့်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ပြုလုပ်ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးများနှင့် ရာအိမ်မှူးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ပုံစံ(၆၆)အရ ပြုစုထားသည့် လူဦးရေစာရင်းများကို ရပ်ကွက်၊ ကျေးရွာများ အတွင်း မြေပြင်တွင် အမှန်တကယ်နေထိုင်သည့် လူဦးရေစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေး မှုလုပ်ငန်းများကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ပြီးစေရေးအတွက် သက်ဆိုင်ရာဌာန များက ပူးပေါင်းဆောင်ရွက်ရေး၊ အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေး မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက် လျက်ရှိပြီး ကော်မရှင်အနေဖြင့် လာမည့်ရွေးကောက်ပွဲကို အချိုးကျ ရွေးကောက်ပွဲစနစ်ဖြင့် ပြောင်းလဲကျင့်သုံး၍ ဘက်လိုက်မှုကင်းပြီး သန့်ရှင်းသောရွေးကောက်ပွဲဖြစ်ရန်၊ ရွေးကောက် ပွဲလုပ်ငန်းစဉ်တိုင်းကို ဥပဒေနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်များနှင့် ပတ်သက်၍ ပြောကြားသည်။
ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တာချီလိတ်ခရိုင်အတွင်း အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးနေမှုတို့ကို စစ်ဆေး ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။