news

          အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) "မိုခါ" (MOCHA) သည် မေ ၁၄ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းဒေသများသို့ စစ်တွေ့မြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကာ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကိုလည်း သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသ များအဖြစ်‌ကြေညာထားပြီးဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ လိုက်ပါ၍ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် စစ်တွေမြို့သို့ သွားရောက်ပြီး အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင် ရွက်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များပေးအပ်နိုင်ရေး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

        အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေ မြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှု များပေးနိုင်ရန် စစ်ရေယာဉ်(၅၅၄)သည် တပ်မတော်(ရေ)မှ ကြက်ဥ ၅,၀၀၀ လုံး၊ ကြက် သား ၅၀၀ ပိဿာခန့်၊ ခေါက်ဆွဲခြောက် ၁၀၀ ဖာနှင့် ၁ လီတာရေသန့် ၆၀၀ ကတ်တို့အား တင်ဆောင်၍ ကူညီကယ်ဆယ်ရေးဆောင်ရွက်မည့် အဖွဲ့များနှင့်အတူ မေ ၁၅ ရက် နံနက် ၉ နာရီခွဲအချိန်တွင် အမှတ်(၆)ရေတပ်ဆိပ်ခံတံတား(ကျောက်ဖြူမြို့)မှထွက်ခွာခဲ့ရာ အမှတ် (၁၄)ရေတပ်ဆိပ်ခံတံတား(စစ်တွေမြို့)သို့ ယနေ့ ညနေ ၃ နာရီခွဲတွင်ရောက်ရှိခဲ့ ပြီး သယ်ဆောင်လာသည့် ကြက်ဥ၊ ကြက်သား၊ ခေါက်ဆွဲခြောက်နှင့် ရေသန့်ဘူးများအား မုန်တိုင်းဒဏ်သင့်ပြည်သူများသို့ပေးဝေခဲ့ပြီး ရသေ့တောင်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်သည်။

          ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)  ၏ အရှိန်ကြောင် ဒီရေမြင့်တက်ခြင်း၊  လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်း၊ လမ်းမီးတိုင်များ လဲကျခြင်း၊ သစ်ပင် သစ်ကိုင်း လဲကျခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတ အသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက် ပေးလျက်ရှိ သည်။

          ပုဂံညောင်ဦးဒေသအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံး မှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်း အဝေး ကို ယနေ့နေ့လယ်ပိုင်းတွင် ညောင်ဦးမြို့၊ ညောင်ဦးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး တေဇကျော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ လေဘေး သင့်ပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥ၊ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်း များနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်း၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင် နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ မြောင်းမြခရိုင် သဘာဝ ဘေးအန္တရာယ်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်အဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုအသင်းအဖွဲ့များနှင့် လေဘေးသင့်ပြည်သူ များ တက်ရောက်ကြသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများ၌ လူနေအိမ် ၈၆၄ လုံး၊ သာသနိက အဆောက်အဦ ၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၇ ခု၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာအဆောက်အဦ ၃၈ လုံး ပျက်စီးခဲ့

နေပြည်တော်၊ မေ - ၁၅

          ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)၏ အရှိန်ကြောင့် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းများဖြစ်ပေါ်လျက်ရှိပါ သည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံး မှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့်  ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို တပ်မတော်မှ လေယာဉ်/ရဟတ်ယာဉ် များဖြင့် စစ်တွေမြို့သို့ ပို့ဆောင်

နေပြည်တော်၊ မေ - ၁၅

          ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ် အတွင်း ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များ၊ ဌာန ဆိုင်ရာ အဆောက်အဦများ ပြိုကျပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများ လဲကျ၍ လမ်းများ ပိတ်ဆို့ခြင်း၊ ကားလမ်းများ ရေကျော်ခြင်း၊ လမ်းမီးတိုင်များ ပျက်စီးခြင်း၊ တာဝါတိုင်များ ပျက်စီးခြင်း နှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ဖြင့် ဒေသခံပြည်သူများ အနေဖြင့် ဘေးလွတ်ရာ မုန်တိုင်းဒဏ်ခံ ကာကွယ်ရေးအဆောက်အဦ(Cyclone Shelter များ၊ ယာယီခိုလှုံရာစခန်းများ တွင် နေထိုင်လျက်ရှိသည်။

          ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)၏ အရှိန်ကြောင့် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းများဖြစ်ပေါ်ခဲ့သည်။

          ရခိုင်ပြည်နယ်သဘာဝဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက်ရေးအတွက် အလှူငွေလှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၌ပြုလုပ်ရာ နိုင်ငံတော် ဩဝါဒါ စရိယသောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          မေလ ၁၃ ရက် မွန်းလွဲ ၂ နာရီ က ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၊ တော်တလုပ်ကျေးရွာအုပ်စု၊ သုံးခွကျေးရွာနှင့် ကျီးချောင်းကျေးရွာ တို့ရှိ  နေအိမ်(၅)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။