ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Sajjad Mohammad Sajid အား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်၊ ၁၀:၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan လည်း ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံစဉ်အတွင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Under-Secretary-General Mr. Martin Griffiths ၏ ဩဂုတ်လအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်နောက်ပိုင်း မြန်မာအစိုးရနှင့် ကုလသမဂ္ဂနှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများ အကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင် တက်ရောက်ခဲ့ကြသည်။
Deputy Prime Minister and Union Minister for Foreign Affairs receives the Head of Office for the United Nations Office for the Coordination of Humanitarian Affairs in Myanmar
H.E. U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs, received Mr. Sajjad Mohammad Sajid, Head of Office of the United Nations Office for the Coordination of Humanitarian Affairs (UNOCHA) in Myanmar, at the Ministry of Foreign Affairs, Nay Pyi Taw on 5 September 2023 at 10:30 hours. Mr. Ramanathan Balakrishnan, United Nations Resident Coordinator and Humanitarian Coordinator ad interim also participated in the meeting.
During the meeting, they discussed on ways and means of further cooperation between the Government of Myanmar and the United Nations and its related agencies, following the visit of Mr. Martin Griffiths, Under-Secretary-General for Humanitarian Affairs and Emergency Relief Coordinator, Office of the Coordination of Humanitarian Affairs (OCHA) in August 2023.
Also present at the meeting were the senior officials from the Ministry of Foreign Affairs.