၁။ နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီ တည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၃ ဖွဲ့ရှိပြီး၊ ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် နိုင်ငံရေးပါတီ ၅ ပါတီကို တည်ထောင်ခွင့်ပြုပြီး ဖြစ်ပါသည်။
news
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လမ်းတံတားများအား မိုင်းထောင် ဖောက်ခွဲခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများနေရာထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ် များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက် ရှိပါသည်။
၁။ ယနေ့အချိန်ကာလတွင် အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်တိုက်ခိုက်မှုများကြောင့် ပြည်သူလူထုအတွင်း၌ လူပုဂ္ဂိုလ်လုံခြုံရေးကို စိုးရိမ်ကြသည့်အတွက် လက်နက်ခဲယမ်းများကို နည်းလမ်းမျိုးစုံဖြင့်ရှာဖွေကာ တရားမဝင် ကိုင်ဆောင်လျက်ရှိကြောင်း ကြားသိနေရပါသည်။ မူလရည်ရွယ်ချက်မှာ လူပုဂ္ဂိုလ်လုံခြုံရေး အတွက်ဖြစ်သော်လည်း လက်နက်ခဲယမ်းများလက်ဝယ်ရှိနေချိန်တွင် လူ၏စိတ်သည် အချိန် မရွေးပြောင်းလဲသွားနိုင်ပြီး တရားမဝင်ကိုင်ဆောင်ထားခြင်းဖြစ်သဖြင့် တစ်ချိန်ချိန်တွင် တစ်လွဲ အသုံးပြုမှုများ ဖြစ်ပေါ်လာနိုင်သည့်အပြင် ဥပဒေနှင့်လည်းညီညွတ်မှုမရှိကြောင်း တွေ့ရှိရပါ သည်။ ထို့ကြောင့် တရားမဝင်လက်နက်ခဲယမ်း ကိုင်ဆောင်မှုများ လျော့နည်းပပျောက်စေရေးနှင့် လက်နက်ခဲယမ်းများကို တစ်လွဲအသုံးပြုမှုများမဖြစ်ပေါ်စေရေးအတွက် လက်နက်ခဲယမ်းကိုင် ဆောင်ခွင့်မူနှင့်အညီ စနစ်တကျ လိုင်စင်ထုတ်ပေးရေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ တာဝန်များကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွှဲပြောင်းတာဝန် ထမ်းဆောင် လျက်ရှိပြီး နိုင်ငံတော်ကို စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂) ရပ်တို့ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်နေချိန်တွင် ပြည်သူလူထုအား နိုင်ငံရေးဝါဒမှိုင်းတိုက်ပြီး နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည် ဆောင်ရွက်လိုသူများက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)နှင့် NUG ၏လက်ဝေခံဖြစ်သည့် ပြည်သူ့ကာကွယ်ရေး အဖွဲ့(PDF) အမည်ခံအကြမ်းဖက်အဖွဲ့အစည်းများကို ဥပဒေမဲ့ တရားမဝင်ဖွဲ့စည်း၍ လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသဖြင့် နိုင်ငံတော်က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာ ခဲ့ပါသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်နယ်အတွင်းမြို့နယ်များသို့ သဘာဝဘေးမုန်တိုင်းအန္တရာယ်ကျရောက်လာပါ က ကူညီကယ်ရေးလုပ်ငန်းများကို အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် ဆေးဝါးပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စစ်တွေမြို့၊ ကျောက်ဖြူမြို့နှင့် အမ်းမြို့များသို့ တပ်မတော်လေယာဉ်ဖြင့် သယ်ယူပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ ယာယီခိုလှုံရာစခန်း ၁၀ ခုတွင် ခေတ္တခိုလှုံနေထိုင် လျက်ရှိသည့် ယာယီနေရပ်စွန့်ခွာသူများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းကို မေ ၉ ရက်တွင် ပလက်ဝမြို့၊ ကီမိုခန်းမ၌ ပြုလုပ်ရာ နယ်မြေခံတပ်မှ တာဝန် ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။
ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန် နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံ လေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ် သင်တန်း(အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်းသင်တန်းများ တက်ရောက် ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့်ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအားပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။ ထို့သို့ပြုလုပ်လျက်ရှိရာ ယနေ့နေ့လယ်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ နယ်မြေခံသင်တန်းကျောင်း ခန်းမ၌ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်း မေလ ၈ ရက်နေ့တွင် မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းခံရသည့် အိမ်ထောင်စုဝင်မိသားစုများအား စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့် လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးခြင်းတို့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမနှင့် လေဘေးသင့်နေအိမ်များတွင် ဆောင် ရွက်ခဲ့ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လေဘေးသင့်အိမ်ထောင်စုများ တက် ရောက်ကြသည်။










