၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်)စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်တပ်နယ်အသီးသီးတို့၌ ကျင်းပပြုလုပ်ကြသည်။
news
ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သို့ရောက်ရှိနေသော ရုရှားဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Igor MUKHAMETSHIN ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ် အရာရှိရိပ်သာ၌ လက်ခံ တွေ့ဆုံသည်။
စစ်တက္ကသိုလ်ဗိုလ်လောင်း အမှတ်စဉ်(၁၅၊၁၆၊၁၇၊၁၈၊၁၉) ကျောင်းဆင်းအရာရှိ များ၏ ဆဌမအကြိမ် အာစရိယပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာရှိ အနော်ရထာခန်းမ၌ ကျင်းပရာ စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ်(၁၅)မှ(၁၉)အထိ ကျောင်းဆင်းအရာရှိများနှင့် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ကြသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဘားအံ-ကော့ကရိတ်သွား ကားလမ်း မိုင်တိုင်အမှတ်၊ ၁၁၁ နှင့် ၁၁၂ ကြား ငါးတိုင်ကျေးရွာ၏ အရှေ့ဘက် မီတာ ၁၅၀၀ ခန့်အကွာရှိ အရှည် ၄၆ ပေ၊ အကျယ် ၃၂ ပေ၊ အမြင့် ၁၂ ပေ ရှိ သံကူကွန်ကရစ်အမျိုးစား တံတားအား ယနေ့နေ့လယ် ၁ နာရီ ၅၀ မိနစ်ခန့်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း အဆိုပါ ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ဘားအံမြို့ ဘက်မှ ကော့ကရိတ်မြို့ဘက်သို့ သွားသည့် ကားလမ်း ၏ ညာဘက်ခြမ်းမှာ ၂ ပေပတ်လည်ခန့် ပေါက်ထွက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
(၇၅)နှစ်မြောက်စိန်ရတုတပ်မတော်(ရေ)နေ့အထိမ်းအမှတ်စစ်ရေယာဉ်များတပ်တော်ဝင်ခြင်းနှင့်မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲပြောင်းတပ်တော်ဝင်ခြင်းအခမ်းအနားသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်
နေပြည်တော်၊ ဒီဇင်ဘာ ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(ရေ)၏ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် နိုင်ငံတော်၏ရေကြောင်းဆိုင်ရာ အကျိုး စီပွားများနှင့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝ ကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းနှင့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲပြောင်းတပ်တော်ဝင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဂုဏ်ပြုချီးမြှင့်သည်။
ယနေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ် လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရှိ နယ်မြေခံရေတပ်လေ့ကျင့်ရေးဌာနချုပ် သီရိမဟာဇေယျကျော်ထင်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်၍ အမှာစကားပြောကြား သည်။
NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက် သမားများက ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မ လုယူခြင်း စသည်ဖြင့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံအကြမ်းဖက်သမားများက ဆားလင်းကြီး မြို့နယ်နှင့် ရေဦးမြို့နယ်တို့ရှိ ဌာနဆိုင်ရာရုံးများအတွင်း ဝင်ရောက်ကာ ဌာနပိုင်မော်တော်ယာဉ်များ နှင့် ရုံးအသုံးအဆောင်ပစ္စည်းများအား ခြိမ်းခြောက်လုယက်ယူဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ် စစ်ရေးပြကွင်း၌ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးဇေယျကျော်ထင် မိုးအောင်နှင့် ဇနီး ဒေါ်အေးခိုင်ညွန့်၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များနှင့် ဇနီးများ၊ စစ်ဦးစီးအရာရှိချုပ် (ရေ)ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်နှင့်ဇနီး၊ ရေတပ်စခန်းဌာနချုပ်မှူးများနှင့် ဇနီး များ၊ သန်လျင်တပ်နယ်မှအရာရှိကြီးများနှင့် ဖိတ်ကြားထားသူများတက် ရောက် ကြသည်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ၂၃.၇.၂၀၂၂ ရက်နေ့နံနက် မင်္ဂလာ အချိန် ၀၆၃၀ နာရီတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိပါသည်။

































