news

          တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဉပဒေဘောင်အတွင်းဝင်ရောက်လာသော မန္တလေးတိုင်း ဒေသကြီး၊ စဉ့်ကူးမြို့နယ်မှ PDF အဖွဲ့ဝင်များအား ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ ထပ်မံလွှဲပြောင်းပေးအပ်ခြင်းကို ယနေ့တွင် စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ရုံး၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သပိတ်ကျင်း တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် အောင်အောင် နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဉပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

              အစိုးရ၏ ပညာရေးစနစ်ပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်းဖက်အုပ်စု အဖြစ်ကြေညာထားသည့် NUG မှ အဖွဲ့ဝင် တရားခံပြေး ဇော်ဝေစိုးနှင့် ဂျာထွယ်ပန် တို့ သည် Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်အား Online စနစ်ဖြင့် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏   ၂၀၂၂ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်

နေပြည်တော် ဇူလိုင် - ၂၅

၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ ဇေယျာ သီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပေးသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှသင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

သစ်တော၊ သစ်ပင်များ၏ဖြစ်တည်မှုသည် လူအပါအဝင် သက်ရှိသတ္တဝါ အားလုံးတို့အသက်ရှင်တည်မြဲနိုင်ရေးအတွက် ဂေဟကွင်းဆက်တစ်ခုပင်ဖြစ်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် တပ်မတော်အနေ ဖြင့် နှစ်စဉ်နှစ်တိုင်း သစ်ပင်စိုက်ပွဲတော်များ ပြုလုပ်လာသည်မှာ  ဆယ်စုနှစ်တစ်ခုမက တိုင်ခဲ့ပြီပင်ဖြစ်ပြီး သစ်ပင်စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ နှစ်စဉ် မိုးရာသီရောက်တိုင်း သစ်ပင်စိုက်ပျိုးပွဲတော်များကို ပြုလုပ်ကျင်းပကြပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးများ၊ အဖွဲ့အစည်းများအလိုက် စိုက်ပျိုးလျက်ရှိကြောင်း၊ သစ်တော၊ သစ်ပင်များ၏ဖြစ်တည်မှုသည် လူအပါအဝင် သက်ရှိသတ္တဝါ အားလုံးတို့အသက်ရှင် တည်မြဲနိုင်ရေးအတွက် ဂေဟကွင်းဆက်တစ်ခုပင်ဖြစ်ကြောင်း၊ လူနှင့်သတ္တဝါတို့ အသက်ရှင် ရပ်တည်ရေးအတွက် သစ်တော၊ သစ်ပင်များသည် အရေးပါလျက်ရှိ ကြောင်း၊ လူနှင့် သတ္တဝါတို့ကြောင့် ဖြစ်ပေါ်လာသည့် အဆိပ်အတောက်၊ ဓာတ်ငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ကို စုပ်ယူပေးပြီး လူနှင့်သတ္တဝါတို့ အသက်ရှူသွင်းရန် အောက်ဆီဂျင် ဓာတ်ငွေ့ကို သစ်ပင်များက ထုတ်လွှတ်ဖြည့်ဆည်း ပေးထားခြင်းဖြစ် ကြောင်း။

         တပ်မတော်အနေဖြင့် သစ်ပင်စိုက်ပျိုးရာတွင် အဖြစ်သဘောမျိုး၊ ဝတ်ကျေ တမ်းကျေ စိုက်ပျိုးကြခြင်းမျိုးမဟုတ်ဘဲ သစ်စေ့မှ တစ်ဆင့်သန်စွမ်းသည့် ပျိုးပင် ဖြစ်စေရန် ပျိုးထောင်သည့်စနစ်၊ ယင်းပျိုးပင်ကို မြေချစိုက်ပျိုးသည့်စနစ်၊ စိုက်ပြီး သစ်ပင်များကို ရှင်သန်စေရန် စိုက်ပျိုးပြုစုသည့်စနစ်၊ စိုက်ပြီးသစ်ပင်များအနက် ရှင်သန်ခြင်းမရှိသည့် သစ်ပင်များနေရာတွင် အစားထိုး စိုက်ပျိုးသည့်စနစ်တို့ဖြင့် စိုက်ပျိုးသည့်အပင်များ အမှန်တကယ် ရှင်သန်အောင်မြင် ဖြစ်ထွန်းစေရန် စနစ်တကျ စီမံစိုက်ပျိုးကြရမည်ဖြစ်ကြောင်း၊ အပင်စိုက်ပျိုးရန်အတွက် လုံလောက်သည့် မြေ နေရာ ရှိ/မရှိ၊ စိုက်ပြီးသည့်အပင်များ ပေါင်းမြက်၊ လောင်းရိပ်များ ရှင်းလင်းပေးမှုရှိ/မရှိ၊ အပင်များအတွက် အစိုဓာတ်လုံလောက်မျှတ မှုရှိ/မရှိ၊ အပင်ရှင်သန်ကြီးထွားစဉ် စားသုံးရန်လုံလောက်သည့် မြေဩဇာပမာဏ ပြည့်/ မပြည့် စသည့် အချက်များအထိ ထည့်သွင်းတွက်ချက် စိုက်ပျိုးကြရမည် ဖြစ်ကြောင်း။

ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်”ရွှေဆိုင်အား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများနှင့် ငွေများလုယက်ယူဆောင်

နေပြည်တော်၊ ဇူလိုင် ၂၅

             မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်”ရွှေဆိုင်အား အကြမ်းဖက် သမားများက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများနှင့် ငွေများအား လုယက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။

             ဖြစ်စဉ်မှာ ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်နေ ဦးစိုင်းဆေပန်ခ(၃၈)နှစ် (ဘ)ဦးစိုင်းမြင့်ဖေ ပိုင်ဆိုင်သည့် ၁၂၅ လမ်း၊ ၅၈ လမ်းနှင့် ၅၉ လမ်းကြား (စ)ရပ်ကွက်ရှိ “မောသစ်ရွှေဆိုင်”သို့ အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ရွှေဆိုင်အတွင်းသို့ ဝင်ရောက်၍ သေနတ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်ခြိမ်းခြောက်ကာ ရွှေဆိုင်အရောင်းကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ ၁၀၅ ကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၆၀ ကျပ်၊ စုစုပေါင်းတန်ဘိုး ငွေကျပ် ၂,၂၆၅ သိန်းခန့်အား လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက  သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဆိုင်အတွင်းရှိနေသည့် ရွှေဆိုင်လုံခြုံရေး ဝန်ထမ်းဖြစ်သူ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်နေ ဦးဖြိုးမင်းစိုး(၃၇)နှစ် (ဘ)ဦးခင်မောင်စိုးတွင် ဝဲခြေဖမိုးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ G.F.L Auto 380 ကျည်ခွံ ၃ ခု အားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။

             အထက်ပါဖြစ်စဉ်မှ ရွှေဆိုင်အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ နှင့် ငွေများ လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကန်ကြီးထောင့်မြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

နေပြည်တော်၊ ဇူလိုင် ၂၅

             NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်း များ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦ များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်း အဓမ္မလုယူ ခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

             ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ဧရာ၀တီတိုင်းဒေသကြီး၊  ကန်ကြီးထောင့်မြို့နယ်၊ ကျူတန်းကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်းခွဲ၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများက အဆိုပါကျောင်းဝင်းအတွင်းသို့ ဝင်ရောက်၍ မီးရှို့ဖျက်ဆီး သွားခဲ့သဖြင့် မီးလောင်မှုကြောင့် အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေခန့်ရှိ RC (၁)ထပ်တိုက် စာသင်ခန်း အတွင်းရှိ  စာရွက်စာတမ်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရ သည်။

             ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်း ဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေးငယ် များ၏လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သတင်းရရှိသည်။

CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအနေဖြင့် ကြိုဆိုရေးစခန်းများ၊ နီးစပ်ရာလုံခြုံရေးစခန်းများအပြင် နီးစပ်ရာမြို့နယ်များရှိ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်လူမှုဝန်ထမ်းရုံးနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တရားဝင်အသိအမှတ်ပြုထားသည့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့အသီးသီးသို့လည်း ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်

နေပြည်တော်၊ ဇူလိုင် - ၂၅

              နယ်စပ်ဒေသအသီးသီးနှင့် အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအတွင်းသို့ ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် လူငယ်၊ လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်းအသီးသီးနှင့် နီးစပ်ရာတပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းအသီးသီးသို့ ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက် ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က အသိပေးထုတ်ပြန်ထားရှိပြီး ဖြစ်ပါသည်။

              ထိုသို့ သဘောထားထုတ်ပြန်ပြီးနောက်ပိုင်းတွင် နိုင်ငံတော်၏ လူသား အရင်းအမြစ်များ မလိုလားအပ်ဘဲ ဆုံးရှုံးမှုမရှိစေရေးအတွက် တာဝန်မှကင်းကွာနေ သော အခြေခံပညာရေးဝန်ထမ်းများကို ပြန်လည်ဖိတ်ခေါ်ရာတွင် ၃၁၅၆ ဦး၊ ရေးဖွင့် ထားသည့်အမှုများအား ပိတ်သိမ်းရန် ဆက်သွယ်လာသူ ၁၀၀၉ ဦး၊ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်သူများအနက်မှ ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်ဖိတ်ခေါ်ရာတွင် ၂၃၁ ဦး ပြန်လည် ဝင်ရောက်လာပြီးဖြစ်သည်။ အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျ လက်ခံပေးခြင်း၊ မိဘရပ်ထံ ပြန်လည်အပ်နှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိခြင်း တို့ကြောင့် ယခုအခါတွင် ပြန်လည်ဝင်ရောက်လာသူများနှင့် ပြန်လည်ဝင်ရောက် လိုသူများ များပြားလျက်ရှိသည်ကို တွေ့ရှိရသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသူများအား  ကျယ်ကျယ်ပြန့်ပြန့် ပိုမိုလက်ခံဆက်သွယ်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်လျက်ရှိ သည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ ဇူလိုင် ၂၅

             အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

             ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်း ဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

             ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း မကွေးတိုင်းဒေသကြီး၊ ရေစကြို မြို့နယ်၊ သစ်ကြီးတောကျေးရွာနေ ဇော်မျိုးထွဋ်သည် ၎င်းအသုံးပြုသည့် “Zaw Myo Htut” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်နေ အောင်ခန့်သည် ၎င်းအသုံး ပြုသည့် “Aung Khant” Facebook အကောင့်တို့သည် အသိပေး သတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

             ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေး ယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေးအသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUG နှင့် ဆက်သွယ်၍ Online စနစ်ဖြင့် Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်တွင် ပါဝင်ခဲ့သည့် ဆရာ၊ ဆရာမများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် ဖိတ်ခေါ်

နေပြည်တော်၊ ဇူလိုင် ၂၅  

             အစိုးရ၏ ပညာရေးစနစ်ပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်းဖက်အုပ်စု အဖြစ်ကြေညာထားသည့် NUG မှ အဖွဲ့ဝင် တရားခံပြေး ဇော်ဝေစိုးနှင့် ဂျာထွယ်ပန် တို့ သည် Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်အား Online စနစ်ဖြင့် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။

             ၎င်းအစီအစဉ်တွင် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူထားသူ ကောင်းသိုက်စိုး (CDM ၊ လက်ထောက်မြို့နယ်ပညာရေးမှူး) အပါအဝင် ဝင်းဗိုလ်(ခ) ဘိုဘို(CDM ၊ မူလ တန်းပြ)နှင့် သန့်စင်ထိုက်(CDM ၊ မူလတန်းပြ) တို့ ၃ ဦးအား တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် နေ့လယ်ပိုင်းတွင်  ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်၊ လှည်းရိုးရပ်ကွက်ရှိ ပြည့်တန်ဆာအခန်း၌ အမျိုး သမီးများနှင့်အတူ သောက်စားပျော်ပါးနေချိန် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ ပြီးဖြစ်သည်။

             Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်ကို ဦးစီးဦးဆောင် ခဲ့သူများ၊ လူငယ်များကို လမ်းမှားရောက်စေရန် တွန်းပို့ခဲ့သူများမှအပ ၎င်းတို့၏  သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုများကြောင့် ပါဝင်ခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအား တစ်စုံတစ်ရာအရေးယူမှု ပြုလုပ်သွားမည်မဟုတ် ကြောင်းကိုလည်း သတင်းများ၊ ဆက်သွယ်မေးမြန်းမှုများကို ဖြေကြားခြင်းများဖြင့် အသိပေး ပြောကြားပြီးဖြစ်သည်။

             လက်ရှိအချိန်တွင် ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များမှ စစ်ဆေး ပေါ်ပေါက်ချက်များ အပေါ်အခြေခံ၍ Kaung For You Federal Private School တရားမဝင်စာသင်ကြားမှု အစီအစဉ်တွင်ပါဝင်သည့် ဆရာ/ဆရာမများ၊ ငွေကြေး ထောက်ပံ့မှုများ၊ ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ စာရင်းကို အသေးစိတ် ရရှိပြီးဖြစ်သည်။

             Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်တွင် ပါဝင်ခဲ့သည့် ဆရာ၊ ဆရာမ များအနက် အချို့သော ဆရာ၊ ဆရာမ များသည် မိမိတို့ လုပ်ဆောင်ခဲ့ သည့် မှားယွင်းသည့် လုပ်ရပ်များအပေါ် အသိတရားရရှိခဲ့ပြီး အေးချမ်းစွာ နေထိုင်လို သည့်အတွက် ကိုယ်တိုင်အသိတရားဖြင့် ပြန်လည်ဆက်သွယ်လာမှုများရှိသည်။ ထိုကဲ့ သို့ သတင်းပို့ဆက်သွယ်လာသူများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ် ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်သည်။

              သို့ဖြစ်၍ Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်တွင် ပါဝင်ခဲ့ရသည့် ဆရာ၊ ဆရာမများအနေဖြင့် ဥပဒေဘောင်အတွင်း၌ အေးချမ်းစွာ နေထိုင်ဖြတ်သန်းနိုင်ရေးနှင့် နိုင်ငံတော်၏ လူသားအရင်းအမြစ်များ မလိုလားအပ်ဘဲ ဆုံးရှုံးမှုမရှိစေရေးတို့အတွက် နိုင်ငံတော်မှ သဘောထားကြီးစွာဖြင့် ပြန်လည်လက်ခံ ပေးသွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၇ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာ မြို့နယ်များရှိ စီမံအုပ်ချုပ်ရေးကောင်စီရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း နှင့် ယင်းသို့သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းများနှင့်အညီ နေ့စဉ် ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။