စစ်ကိုင်းတိုင်းဒေသကြီးအတွင်း KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုးတားလေးကျေးရွာရှိ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင် ကျောင်းများအတွင်း ဝင်ရောက်အခြေပြု၍ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် ချေမှုန်းရေးလုပ်ငန်းများဆောင်ရွက်
နေပြည်တော်၊ ဖေဖော်ဝါရီ - ၇
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများအနေဖြင့် ဧရာဝတီမြစ်ကမ်းနံဘေးရှိ မိုးတားလေးကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းများ၊ ဘုရားစေတီပုထိုးများနှင့် စာသင်ကျောင်းများအတွင်းသို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်မှစ၍ အခိုင်အမာဝင်ရောက်နေထိုင်ကာ ဧရာဝတီမြစ်တစ်လျှောက် သွားလာသည့် စက်လှေငယ်များနှင့် ရေလုပ်ငန်းဆောင်ရွက်သူများအားလည်းကောင်း၊ ရွှေကူ၊ မြို့လှ၊ ကသာ လမ်းကြောင်းပေါ်ရှိ ကျေးရွာများမှ ပြည်သူလူထုများအား လည်းကောင်း၊ အဓမ္မတားဆီးစစ်ဆေးခြင်း၊ ဆက်ကြေးကောက်ခြင်းနှင့် ဒလန်စွပ်စွဲ၍ သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်အဖျက်အမှောင့်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ဆောင်ရွက်နေကြောင်း အကြမ်းဖက်မှုကို ဆန့်ကျင်လိုသည့် ဒေသခံပြည်သူများက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်သတင်းပို့လာသဖြင့် တပ်မတော် စစ်ကြောင်း တစ်ကြောင်းမှ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး(Counter– Terrorism Operation)ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်မှ ၂၂ ရက်အထိ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့ တိုက်ပွဲ(၇)ကြိမ် အပြင်းအထန်ဖြစ်ပွားခဲ့သည်။
























































