နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရခိုင်ပြည်နယ်၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်ဖြူမြို့နယ်များရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား တွေ့ဆုံ အမှာစကားပြောကြား၊ နယ်မြေခံတပ်ရင်းများအားလိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇွန် ၁၆
စစ်တွေမြို့သို့ ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ တွင် မြောက်ဦး၊ မင်းပြားနှင့် ကျောက်ဖြူမြို့များသို့ သွားရောက်၍ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ကူညီကယ်ဆယ်ရေး အဖွဲ့များ နှင့် ပရဟိတအဖွဲ့များအား အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမများ တွင် သီးခြားစီ တွေ့ဆုံအမှာစကားပြောကြားသည်။






























