news

            စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့၊ တောင်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်းအားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးအား ဒီဇင်ဘာလ ၅ ရက် မွန်းလွဲပိုင်း၌ PDF အမည်ခံအကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

          ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်လျက်ရှိသည့် ခရီးသွားပြည်သူများ သွားလာလှုပ်ရှား ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် တာဝန်ရှိသူများမှ YBS ခရီးသည်တင်ယာဉ်များအား မြို့နယ်အနှံ့ ပြေးဆွဲပေးလျက်ရှိသကဲ့သို့ မသမာသူလူအုပ်စုများအနေဖြင့်လည်း အဆိုပါ YBS ခရီးသည်တင်ယာဉ်များအား စီးနင်းအသုံးပြုသည့် ခရီးသွားပြည်သူများအား လူအုပ်စုဖွဲ့ကာ ခါးပိုက်နှိုက်၊ လုယက်မှုများ ကျူးလွန်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ရွာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ဒုစရိုက်ကျူးလွန်မှုများအား သတင်းဖော်ထုတ်ခြင်း၊ စောင့်ကြည့် စုံစမ်းဖမ်းဆီးခြင်းများအား နေ့ ည မပြတ်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားစီးပွားရေးဆိုင်ရာအဖွဲ့အစည်း(JSC “Tyazhpromexport”) ၏ ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ - ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ နိုင်ငံခြားစီးပွားရေးဆိုင်ရာအဖွဲ့အစည်း(JSC “Tyazhpromexport”) ၏ ညွှန်ကြားရေးမှူးချုပ် Mr. Sergey Egorov ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

              ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၆၉၀၃ ဦး၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်(၇)တို့မှ ဒေသခံပြည်သူ ၁၁၀၄ ဦးနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့အတွင်းရှိ ဒေသခံပြည်သူ ၁၀၇ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်း များ ဆောင်ရွက်ပေးသည်။

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုန် စစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် စစ်ဆေးရေး ဂိတ်အနီး သွားလာလျက်ရှိသည့် ဒေသခံပြည်သူ ၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG၊ CRPH  နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီး ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍ အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက် လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

          တနင်္သာရီရေတပ်စခန်းဌာနချုပ် စည်းရုံးရေးနယ်မြေအတွင်းရှိ စခန်းသစ် ကျေးရွာအနီး ကာယားကျွန်း၏အနောက်တောင်ဘက် ၁ ဒဿမ ၄ မိုင်ခန့်အကွာ တွင် ဒေသခံငါးဖမ်းလှေမှ ဝေလငါးမန်း(Whale Shark)ဒေသအခေါ် (ဝါဇီပျောက်) ငါး(အလျား ၂၄ ပေခန့်၊ အနံ ၆ ပေခန့်) အသေတစ်ကောင်အား ဒီဇင်ဘာ ၂ ရက်တွင် တွေ့ရှိခဲ့ပြီး စခန်းသစ်ကျေးရွာအုပ်စု၊ ရာကျော်သဲတန်းရွာ ကမ်းခြေသို့ သယ်ယူခဲ့ သည်။

            မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံး၌ PDF အမည်ခံအကြမ်းဖက်သမားများထောင်ထားသည့်  လက်လုပ်ရီမုမိုင်းတစ်လုံး ပေါက်ကွဲခဲ့ သဖြင့် ရုံးအဆောက်အဦအနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး  အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး၊ ပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။