news

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

          မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ရုရှား Bloggers အဖွဲ့အား ယနေ့ ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်ရှိ  မြတ်တော်ဝင်ဟိုတယ်၌ ညစာဖြင့်တည်ခင်းဧည့်ခံသည်။

          မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ ရေကစားမဏ္ဍပ်အား လက်ပစ်ဗုံး ဖြင့် အကြမ်းဖက်ဖောက်ခွဲရန် ပြုလုပ်ခဲ့သော PDF အမည်ခံအကြမ်းဖက်သမား ၂ ဦးအား ဧပြီ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဒေသခံပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

            မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ PDF အမည် ခံအကြမ်းဖက်သမားများအနေဖြင့် ဒေသခံများအသွင်စိမ့်ဝင်၍ ခိုအောင်းနေထိုင်လျက်ရှိ ကြောင်းနှင့် ဒေသခံပြည်သူများအား အနိုင်ကျင့်နှိပ်စက်ခြင်း၊ အဓမ္မဆက်ကြေး ကောက်ခံခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်းနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးမှုမရှိသည့် ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်လျက်ရှိကြောင်း သိရှိ ရသည်။

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်           ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ မန္တလေး မြို့တော်ဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့ရှိ အမျိုးသား ကန်တော်ကြီးဥယျာဉ်ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုသွားရောက် ကြည့်ရှု စစ်ဆေးသည်။

          ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး ဗဟိုမဏ္ဍပ်၌ ဧပြီ ၁၅ ရက် မဟာသင်္ကြန်အကြတ်နေ့ နံနက်ပိုင်းတွင် ကလေးသူငယ်များအပါအဝင် ပြည်သူများ ပျော်ရွှင်စွာရေကစားနေစဉ် KNPP အဖွဲ့၊ လွိုင်ကော် PDF နှင့် Falcon Wings အမည်ခံအကြမ်းဖက်အဖွဲ့များက Drop Bomb ဖြင့် ယုတ်မာရက်စက်စွာ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် မဟာသင်္ကြန်ပွဲတော်ကို ဆင်နွှဲနေသည့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

          မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစု ရေကစားမဏ္ဍပ်ပိတ်ပွဲ အခမ်း အနားကို ယနေ့သင်္ကြန်အတက်နေ့နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက်သည်။