နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာမြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများ၊ မုံရွာ တပ်နယ်ရှိ မိသားစုဝင်များအား တွေ့ဆုံ၊ မုံရွာမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး နှင့် တပ်မတော်ဆေးရုံသို့ သွားရောက်ကြည့်ရှုအားပေး
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ ရောက်ရှိနေကြသော နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာမြို့နယ် တက္ကသိုလ်၊ ကောလိပ်အသီးသီးနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ တွေ့ဆုံသည်။





















