news

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်လိုသူများနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ခြင်း

              တိုင်းရင်းသားလူမျိုးများစွာ မှီတင်းနေထိုင်လျက်ရှိသည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကြီးအတွက် အချင်းချင်းသွေးစည်းညီညွတ်မှုရှိမှသာ ပြည်ထောင်စုကြီး မပြိုကွဲဘဲ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမည်ဆိုသည်ကို အတိတ်သမိုင်းမှ သင်ခန်းစာများ ရရှိခဲ့ပြီး ဖြစ်ပါသည်။ အနာဂတ်တွင်လည်း အလားတူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ကျစ်လစ် ခိုင်မာသည့် ညီညွတ်သော စုပေါင်းအားကို ဆက်လက်ကြိုးပမ်းတည်ဆောက်သွားရမည်ဖြစ်ပါ သည်။ နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသားအရေးအရသဘောထားကွဲလွဲမှုများ ကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခဲ့ရပါသည်။

          ပြည်တွင်း၊ ပြည်ပရှိ အချို့သော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်နှင့် CDMဝန်ထမ်းများအား ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး အသိပေးထုတ်ပြန်ခြင်း

ဇွန် - ၂၈

              နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့အပြင် အခြားကဏ္ဍပေါင်းစုံ၌ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ပြည်ထောင်စုအတွင်းရှိ ဒေသအသီးသီးတွင် တိုင်းရင်းသား ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်စားသောက်နိုင်ရေးအတွက်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက နေ့ညမပြတ်လုံခြုံရေးလုပ်ငန်းများကို ထမ်းဆောင်လျက်ရှိသည်။ မိမိတို့ အနေဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ကျစ်လျစ်ခိုင်မာသည့် ညီညွတ်သော စုပေါင်းအားကို တည်ဆောက်သွားရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စစ်မှန်သည့် ထာဝရ ငြိမ်းချမ်းရေးရရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသည်။

အနာဂတ်မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးနောက်ကျကျန်မှု မဖြစ်စေရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

နေပြည်တော်၊ ဇွန် ၂၈

            NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေးအစွန်းရောက် အကြမ်း ဖက် များက အနာဂတ် ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစား များဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများတွင် ဆန့်ကျင်ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ၊ ပညာရေး အဆောက်အဦများအား မိုင်းဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်းပေါ်၌ PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာများစွာရရှိ

နေပြည်တော်၊ ဇွန် ၂၈

            NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက် အဖွဲ့များသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ် ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွား လာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ ဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

(၃၄)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး ပထမ နေ့ကျင်းပ

နေပြည်တော်၊ ဇွန် - ၂၈

            မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့် (၃၄)ကြိမ်မြောက် မြန်မာ- ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ တောင်ကြီးဟိုတယ်၌ကျင်းပရာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Apichet Suesat နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် Burma Final Revolution Armed Force- BFRAF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား ထပ်မံဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန်လ ၂၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှု မရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအား မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် Burma Final Revolution Armed Force- BFRAF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ရဲနောင်ထွန်း(ခ) Demon အား ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်တွင် လည်းကောင်း၊ ရဲမင်းဟိန်း(ခ)ရဲဖြိုးအောင်(ခ)ရဲကြီး၊ ကျော်စွာထက်(ခ)ပေါ်လာတို့အား ရွှေပြည်သာ မြို့နယ် တွင်လည်းကောင်း၊ ဇွန်လ ၂၅ ရက်တွင် ရန်နိုင်ထူး(ခ)နဂါးလေး အား ထန်းတပင် မြို့နယ်၊ တူးချောင်းကျေးရွာအုပ်စု၊  ရေတလိကျေးရွာ တွင်လည်းကောင်း၊ ဇွန်လ ၂၆ ရက် နံနက်ပိုင်းတွင် ဇင်ကိုဦး၊ ချစ်မိုး(ခ)ကျော်သက်ဝေ၊ စန်းလွင်တို့အား လှိုင်သာယာမြို့နယ် တွင်လည်းကောင်း ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့်သတင်းအား ဇွန်လ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း     တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၂) သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော်  ဇွန် ၂၈  

                  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၃/၂၀၂၂)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် တိုက်ခန်းအတွင်း လက်လုပ်မိုင်းတပ်ဆင်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သမား တစ်ဦးသေဆုံးကာ အကြမ်းဖက်သမား၂ ဦးအား ထိခိုက်ဒဏ်ရာများဖြင့် ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၂၇

            ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဇွန် ၂၆ ရက်တွင် အကြမ်းဖက် သမားများက အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန် တိုက်ခန်းအတွင်း လက်လုပ်မိုင်း တပ်ဆင် နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သမားအမျိုးသားတစ်ဦးသေဆုံးပြီး အကြမ်းဖက်သမား အမျိုးသား ၂ ဦးအား ထိခိုက်ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ထီးလင်းမြို့ပေါ်သို့ PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်၊ ပြည်သူများ၏နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံး

နေပြည်တော်၊ ဇွန် ၂၇

            နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့နယ်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းတံတား များအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်လျက် ရှိသည်ကို တွေ့ရှိရသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ ဇွန် ၂၇

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။