ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ရောက်ရှိနေ သော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အစိုးရရပ်ကွက်ရှိ ပင်လယ်ကမ်းခြေ ပွိုင့်အရှေ့ ကားလမ်းမ လမ်းဘေး ဝဲ/ယာ တစ်လျှောက်၌ ပေါက်ရောက်နေသည့် ခြုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များနှင့် အမှိုက်များ၊ သစ်ပင်၊ သစ်ကိုင်းများကို ဌာနဆိုင်ရာ ဝန်ထမ်းများမှ သန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေးကြသည်။
အလားတူ စစ်တွေမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်ကျော်မိုး သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ် အဆင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တွေ့ဆုံကြ သည်။ ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သဘာဝဘေး အန္တရာယ်ပြန်လည်ထူထောင်ရေးအတွက် အာဆီယံနှင့် အင်ဒိုနီးရှား နိုင်ငံများမှ ကူညီထောက်ပံ့ပေးသည့် ကုန်ပစ္စည်းများနှင့် အဝတ်အထည်များအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။