news

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ နိုဝင်ဘာ ၁၇

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

            ထိုကဲ့သို့ အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်း မြို့နယ်၊ ဝဲကြီးကျေးရွာနေ ဗိုလ်ဗိုလ်ဝင်းသည် ၎င်းအသုံးပြုသည့် “Bo Bo Win” Facebook အကောင့်၊ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ ကောင်းဇော်ထွန်းသည် ၎င်းအသုံးပြုသည့် “Kaung Zaw Htun” Facebook အကောင့်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်၊ သိမ်ဇရပ်မြို့၊ အမှတ်(၄)ရပ်ကွက်နေ သန္တာလှိုင်သည် ၎င်းအသုံးပြုသည့် “Thandar Thandar” Face book အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့ သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ ရပါသည်။

            ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတော မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ - ၁၇                                          

            ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာရှိ ဆိုင်ကလုန်းရှပ်တာ(Sinekalone Shutter)တွင် အခြေပြု၍ ဒေသခံပြည်သူ ၂၉၀ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

            ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၉၇ ဦး၊ ခွဲစိတ်ရောဂါ ၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၇ ဦး၊ ကလေးရောဂါ ၂၆ ဦး၊ အရိုးရောဂါ ၈၆ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၅၇ ဦး၊ စုစုပေါင်း ၂၉၀ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင်   အာထရာ ဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၄ ဦးနှင့် ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၆ ဦး တို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကု သရန် လိုအပ်သည့် လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

၁၀၂ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က အပါအဝင် အကျဉ်းကျခံနေရသူ(၅၇၇၄)ဦးအား လွတ်ငြိမ်းသက်သာခွင့်ပြု

ရန်ကုန် ၊ နိုဝင်ဘာ ၁၇

     နိုင်ငံတော်မှ အမျိုးသားအောင်ပွဲနေ့အား ဂုဏ်ပြုသောအားဖြင့် လူမှုရေးအရငဲ့ညှာမှုနှင့်အတူ နိုင်ငံ တော်၏စေတနာကို နားလည်သိရှိစေရန် ရှေးရှုသောအားဖြင့်  နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က အပါအဝင် အကျဉ်းကျခံနေရသူ(၅၇၇၄)ဦးကို လွတ်ငြိမ်းသက်သာ ခွင့်ပြုခဲ့ရာ ရန်ကုန်အင်းစိန်ထောင်ရှိ  နိုင်ငံခြားသားလေးဦးအပါအဝင် အကျဉ်းသား/အကျဉ်းသူ ၉၈၅ ဦးကို ယနေ့မွန်းလွဲ(၂)နာရီခွဲတွင် ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

     အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ရရှိသော အကျဉ်းသား/အကျဉ်းသူ (၉၈၅)ဦးတို့ကို Stadium ခန်းမ၌ မွန်းလွဲ(၂)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးဝင်းတင့်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်တို့က ဩဝါဒစကားများကို ပြောကြားသည်။

     နိုင်ငံတော်အစိုးရက နိုင်ငံတစ်ဝန်းရှိ အကျဉ်းသား/အကျဉ်းသူ (၅၇၇၄) ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့ရာ ၅၀၅(က)ဖြင့် တရားစွဲဆိုထားသည့် အနုပညာရှင် (၁၁) ဦး၊ လူမှုရေးအရသက်ညှာခွင့်ပြုခဲ့သော (၃၃) ဦးနှင့်    နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက် ဆက်ဆံရေးကိုရှေးရှု၍ လူသားချင်းစာနာထောက်ထားမှုကို အ လေးထားသောအားဖြင့်    နိုင်ငံခြားသားများဖြစ်ကြသည့် မစ္စတာရှောင်တာနယ်၊ မစ္စတာတိုရူကိုဘူတာ၊ မစ္စဗစ်ကီဘိုးမန်းနှင့်  အမေရိကန်နိုင်ငံသားခံယူထားသော ဦးကျော်ဌေးဦးတို့ကို ပြစ်ဒဏ်များဖြေလျော့ ၍ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။     

     နိုင်ငံတော်၏ လွတ်ငြိမ်းသက်သာခွင့်ရရှိသော အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား(၈၉၄)ဦး၊ အကျဉ်းသူ(၈၇)ဦးနှင့် နိုင်ငံခြားသား(၄)ဦးတို့ဖြင့် စုစုပေါင်း(၉၈၅)ဦးတို့ကို မွန်းလွဲ (၂) နာရီခွဲမှစ၍  ရန်ကုန်မြို့၏ခရိုင်လေးခုသို့ YBS ယာဉ်များဖြင့် အေးချမ်းမှုကို ဖော်ဆောင်သည့် မိုးဖွဲဖွဲအောက်တွင် ပို့ဆောင်ခဲ့ပြီး နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန်အမှတ် ၇၀၊ ၇၁၊ ၇၂ နှင့် ၇၄/၂၀၂၂တို့ဖြင့် ထုတ်ပြန်သည့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ အင်းစိန် ဗဟိုအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ရရှိသော နိုင်ငံသားအကျဉ်းသား/သူ ၉၈၁ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၄  ဦးတို့အား နိုင်ငံတော်၏စေတနာအမှန်ကို ထုတ်ဖော်ပြသည့်အနေဖြင့် လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်     ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း

(၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် နိုဝင်ဘာ ၁၆

         (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့ တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကျင်းပရေး ဦးစီးကော်မတီဝင် များ၊ လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ   တက်ရောက်ကြသည်။

ဦးစွာ ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ၂၀၁၉ ခုနှစ်(၂၀)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော် များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ကျင်းပပြီးနောက်ပိုင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်နားခဲ့ရသည့် ညီလာခံကြီးအား ယခု(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုကာလဖြစ်သည့် ဒီဇင်ဘာလ ၈ ရက်နှင့် ၉ ရက်တို့ တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်လျက် နှီးနွယ်ဝန်ကြီးဌာနများဖြင့် ၂၀၀၀ ပြည့်နှစ်မှစ၍ နှစ်စဉ် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည့် အစဉ်အလာများအတိုင်း ဝိုင်းဝန်း ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးအား ကျင်းပရခြင်း ဖြစ်ကြောင်း။

မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကျင်းပရခြင်း၏ ရည်ရွယ်ချက် အနေဖြင့် မြန်မာ့တိုင်းရင်းဆေးလောက ဘက်စုံအဆင့်အတန်းမြင့်မားရေးနှင့် မြန်မာ့တိုင်းရင်းဆေးပညာ အရည်အသွေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုရရှိစေရန်၊ မြန်မာ့ တိုင်းရင်းဆေး ဆရာတို့၏ အရည်အချင်းနှင့် ကျင့်ဝတ်ဂုဏ်သိက္ခာ ပိုမိုမြင့်မားလာစေရန်၊ မြန်မာ့တိုင်းရင်းဆေးပညာနှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်မှုနည်းပညာများပိုမိုဖွံ့ဖြိုး တိုးတက်ရန် ပြည်တွင်းပြည်ပရှိ ဆက်စပ်နှီးနွယ်ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်တို့ဖြစ်ပြီး အဆိုပါ ရည်ရွယ် ချက်များ အကောင်အထည်ဖော်   ဆောင်ရွက်နိုင်စေရန် ဝိုင်းဝန်း ပူးပေါင်း ကူညီဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

အလားတူ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပရခြင်း၏ရည်ရွယ် ချက်များမှာ မြန်မာ့တိုင်းရင်းဆေးပညာကုထုံးများဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကို ပိုမိုထိရောက်စွာ စောင့်ရှောက်မှုပေးနိုင်ရန်အတွက် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေး ပညာရှင်များ ဖြစ်လာစေရေး လေ့ကျင့်ပေးရန်၊ အန္တရာယ်ကင်းရှင်း၍ အရည်အသွေးမြင့်မား သည့်အစွမ်းထက်တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရေး အတွက် တိုင်းရင်းဆေးသုတေ သနလုပ်ငန်းများပိုမိုတိုးချဲ့ဆောင်ရွက်ရန်၊ တိုင်းရင်း ဆေးဖြင့် ပြည်သူလူထုအား ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေး အသိ ပညာပေးခြင်းလုပ်ငန်းများကို ကျေးလက်ဒေသအထိကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်ရန်အတွက် ဒေသခံတိုင်းရင်းဆေးဆရာများနှင့် ပူးပေါင်းဆောင်ရွက်ရန် တို့ဖြစ် ကြောင်း။

          ယနေ့ခေတ်ကာလတွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ  ပြည်သူများအနေဖြင့် တိုင်းရင်းဆေး ကုထုံးများကို လက်မလွှတ်ဘဲ အားကိုးအားထားပြု၍ သုံးစွဲကုသနေကြဆဲဖြစ်သည်ကို တွေ့မြင် နိုင်ပါကြောင်း၊ ယခုအခါ ကမ္ဘာတစ်ဝန်းလုံး ရင်ဆိုင်နေရသော ကိုဗစ်-၁၉ ကပ်ရောဂါကို တိုင်းရင်းဆေးဝါးများဖြင့်ကာကွယ်ကုသနိုင်ရန် ဆောင်ရွက်နေကြသကဲ့ သို့ မြန်မာနိုင်ငံ၌လည်း ကိုဗစ်-၁၉ ရောဂါအပါအဝင် ၎င်းနှင့် အလားတူ ရာသီ တုပ်ကွေးရောဂါများအား ကုသနိုင်ရေး “ဝိသမ”အဖျားပျောက်ဆေးအား လူနာများတွင် အန္တရာယ်ကင်းရှင်းစွာအသုံးပြု နိုင်ရန် သုတေသနအဆင့်ဆင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ စမ်းသပ်မှု နောက်ဆုံးအဆင့် ပြီးစီးအောင်မြင်နေပြီဟုလည်း သိရပါ ကြောင်း၊ မြန်မာ့တိုင်းရင်းဆေးသမားတော်များသည် ခေတ်အဆက်ဆက် တိုင်းရင်း ဆေးဝါးများကို အသုံးပြု၍ ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်ပေးခဲ့ ကြောင်း။  

           မိမိတို့နိုင်ငံ၏ ရိုးရာအမွေအနှစ်ဖြစ်သော မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို အမျိုးသား ယဉ်ကျေးမှုတစ်ရပ်အနေဖြင့်ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရန် ယခုကျင်းပ မည့် ညီလာခံနှင့် နှီးနှောဖလှယ်ပွဲများ၌ ကြိုးပမ်းဆောင်ရွက်နိုင်ရန်စီစဉ် လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း။

မြန်မာ့တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်က အထူးအားပေး ဆောင်ရွက်နေသည့်အတွက် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ အနေဖြင့် တိုင်းရင်းဆေးပညာရှင်များ၏ ဆေးပညာကျင့်ဝတ်ထိန်းသိမ်းခြင်းများကို ဤညီလာခံ များမှတစ်ဆင့် ကြီးကြပ်ဆောင်ရွက်နိုင်စေရန် စီစဉ်ဆောင်ရွက်ပေးကြစေလိုကြောင်း။

ယခုကဲ့သို့သောမြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေး ပညာနှီး နှောဖလှယ်ပွဲများ ကျင်းပပြီး မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ပိုမိုတိုးတက်အောင်မြင်စေရန် ဦးတည်ကြိုးပမ်း ဆောင်ရွက်ကြစေ လိုကြောင်း၊  ညီလာခံကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီး ဌာန၊ နှီးနွယ်ဆက်စပ်သော ဝန်ကြီးဌာနများမှ ပညာရှင်ကိုယ်စားလှယ်များ၊ ကဏ္ဍ ပေါင်းစုံမှ ကိုယ်စားလှယ်ကြီးများ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း။  

မြန်မာ့တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများသည် နိုင်ငံတော်၏ MSME လုပ်ငန်းများတွင်လည်း တစ်စိတ်တစ်ပိုင်းပါဝင်သဖြင့် နိုင်ငံတော်၏ GDP တိုးတက် မြင့်မားစေရန် တစ်တပ်တစ်အား အထောက်အကူပြုနေကြောင်း၊ နိုင်ငံတော် အနေ ဖြင့်လည်း မြန်မာ့တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။

(၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံနှင့် မြန်မာ့ တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများအနေဖြင့် သက်ဆိုင်ရာအခန်းကဏ္ဍများမှ အင်တိုက် အားတိုက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပရခြင်းနှင့် နှီးနှော ဖလှယ်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့်  ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း နှင့် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး တို့က နှီးနှောဖလှယ်ပွဲကြီး အောင်မြင်ခမ်းနားစွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ အလိုက် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ညီလာခံများနှင့် နှီးနှော ဖလှယ်ပွဲများကို နှစ်စဉ်ကျင်းပ ပြုလုပ်ခဲ့သည့် အခြေအနေများ၊ လုပ်ငန်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ယခုနှစ် ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်သွားမည့် အသေးစိတ်အချက် အလက်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများက (၂၁)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှော ဖလှယ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ယင်းနောက်  ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌက ဝန်ကြီးဌာနများအလိုက် မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းများ လစ်ဟာမှု မရှိစေရေးအတွက် စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း၊  (၂၁)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ် ပွဲ ကျင်းပမည့်ကာလသည် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရန် ပြင်ဆင်နေသည့်ကာလဖြစ်သည်အတွက်  ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကြီးကိုလည်း ယခင်နှစ်များထက် ပိုမိုခမ်းနားစွာ ကျင်းပဆောင်ရွက်သွားနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ဝေးလံခေါင်းပါးသောဒေသများရှိ တိုက်နယ်ဆေးရုံများတွင် သွားရောက်တာဝန်ထမ်းဆောင်ရန်အတွက် တပ်မတော်မှပါရဂူများနှင့်ဆေးမှူးများ နေပြည်တော်မှထွက်ခွာ

နေပြည်တော်  နိုဝင်ဘာ  ၁၆

          တပ်မတော်ကာကွယ်ဦးစီးချုပ်ရုံး၏ လမ်းညွှန်ချက်ဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ်တို့ရှိ ဝေးလံခေါင်းပါး၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသများ၌ ဒေသခံပြည်သူများ၏ ကျန်းမာရေးမြှင့်တင်ရန် အတွက် ဆရာဝန်လိုအပ်ချက်ရှိသည့်ဆေးရုံများတွင် မိမိတို့၏ သဘောဆန္ဒအလျောက် သွားရောက် တာဝန်ထမ်းဆောင်ရန် ဆန္ဒပြုထားသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများပါဝင်သည့် တပ်မတော်သားဆရာဝန် ၁၈ ဦးသည် ယနေ့နံနက်ပိုင်း တွင် နေပြည်တော်လေဆိပ်မှ တပ်မတော်လေယာဉ်ဖြင့် ထွက်ခွာရာ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် လှမြင့်စိုး၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

          အဆိုပါ တပ်မတော်သားဆရာဝန်များအဖွဲ့တွင် မေ့ဆေးပါရဂူတစ်ဦး၊ ရောဂါဗေဒပါရဂူတစ်ဦး၊ ဇီဝဓာတုဗေဒပါရဂူတစ်ဦးနှင့် ဆေးမှူး ၁၅ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ပါဝင်ပြီး ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်/ တိုက်နယ်ဆေးရုံ ၉ ခုတွင်  ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တာဝန်ထမ်းဆောင်သွားမည်ဖြစ် ကြောင်းသိရ သည်။

           ဝေးလံခေါင်းပါး၍ သွားလာရန်ခက်ခဲသည့် ဒေသများသို့သွားရောက် တာဝန်ထမ်းဆောင်မည့်  တပ်မတော်သားဆရာဝန်များသည် နေ့လယ်ပိုင်းတွင် မုံရွာလေဆိပ်သို့ ရောက်ရှိကြရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး လေဆိပ် ခန်းမ၌တွေ့ဆုံ၍ နယ်မြေဒေသအခြေအနေ၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ် များနှင့် အခြားလိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် ညနေပိုင်းတွင် ၎င်းတို့တာဝန်ထမ်းဆောင်မည့် ဒေသများသို့ ဆက်လက်ထွက် ခွာရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြ သည်။

          တပ်မတော်အနေဖြင့် ဝေးလံခေါင်းပါး၍ သွားလာရန်အခက်အခဲရှိပြီး ဆရာဝန်လိုအပ်ချက်ရှိနေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ကျန်းမာရေးလိုအပ်ချက်ရှိသည့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေးမြှင့်တင်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်တွင် တပ်မတော် သားဆရာဝန် ၄၄ ဦးကိုပထမအကြိမ်အဖြစ်လည်းကောင်း၊ ဒုတိယအကြိမ် အဖြစ် ၂၀၁၈ ခုနှစ်တွင် တပ်မတော်သားဆရာဝန် ၄၄ ဦးဖြင့်လည်းကောင်း၊ တတိယအကြိမ်အဖြစ် ၂၀၂၀ ခုနှစ်တွင် တပ်မတော်သား ဆရာဝန် ၄၆ ဦးဖြင့် လည်းကောင်း၊ ယခုစတုတ္ထအကြိမ်အဖြစ် တပ်မတော်သား ဆရာဝန် ၁၈ ဦးအား လည်းကောင်း ၎င်းတို့ဆန္ဒသဘောထားအရ လျောက်ထားလာသူများအား အလှည့်ကျ တာဝန်ထမ်းဆောင်စေခဲ့ရာ ၂၀၁၆ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ တပ်မတော်သားဆရာဝန် ၁၅၂ ဦးဖြင့် အဆိုပါဒေသများရှိ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတော မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ - ၁၆

            ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာရှိ ဆိုင်ကလုန်းရှပ်တာ(Sinekalone Shutter)တွင် အခြေပြု၍ ဒေသခံပြည်သူ ၁၀၄၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

            ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၃၆၂ ဦး၊ ခွဲစိတ်ရောဂါ ၇၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၇ ဦး၊ ကလေးရောဂါ ၅၈ ဦး၊ အရိုးရောဂါ ၁၉၅ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၄၂ ဦး၊ မျက်စိရောဂါ ၁၇၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၈၅ ဦး၊ စုစုပေါင်း ၁၀၄၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၅ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၃ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၂၇ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၃၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၁ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကု သရန် လိုအပ်သည့် လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ကန်ကျေးရွာအနီး၌ အရပ်မော်တော် ယာဉ်တစ်စီးအား PDF အမည်ခံအကြမ်းဖက်အဖွဲ့က အကြောင်းမဲ့ မိုင်းဆွဲတိုက်ခိုက်မှု ကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံး

နေပြည်တော်၊ နိုဝင်ဘာ ၁၆

                 မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ကန်ကျေးရွာအနီး၌ အရပ် မော်တော်ယဉ်တစ်စီးအား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

                 ဖြစ်စဉ်မှာ ပုသိမ်ကြီးမြိုနယ်၊ ကြာနီကန်ကျေးရွာနေ ယာဉ်မောင်း ဦးတင်သောင်း မောင်းနှင်သည့် စီနိုထရပ်အမျိုးအစား အဖြူရောင်မြေသယ်ယာဉ် သည် ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် ကင်းရွာမှ ပြင်ဦးလွင်မြို့သို့သွားရောက်ရန် ထွက်ခွာ လာစဉ် တောင်ကန်ကျေးရွာအနီးသို့အရောက် PDF အမည်ခံအကြမ်းဖက် သမားများက လမ်း၏ ဝဲ/ယာ တောင်ဘက် ၂ ပေခန့် အကွာမှမိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်မောင်း ဦးတင်သောင်းတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည်။

                 အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ၍နယ်မြေလုံခြုံရေးဆိုင်ရာများ ဆောင်ရွက်ခဲ့ပြီး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့် ယာဉ် မောင်းဖြစ်သူအား မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသမှု ခံယူစေခဲ့သော် လည်း ရရှိဒဏ်ရာများကြောင့် နံနက် ၇ နာရီခန့်တွင် သေဆုံးသွားခဲ့သည်။

                 PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင် သည့် အပြစ်မဲ့ ရဟန်းသံဃာများ၊ ပြည်သူများနှင့် ဝန်ထမ်းများကို အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခြင်းများ မကြာခဏပြုလုပ်လျက်ရှိသကဲ့သို့ အရပ်ဘက် မော်တော်ယာဉ် များကိုလည်း အကြောင်းမဲ့ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက် ရှိခြင်းကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းများ ဖြစ်ပေါ်လျက်ရှိ ကြောင်းသတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်  နှင့် ဒေါက်တာမျိူးသိန်းကျော် တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့

မော်စကိုမြို့ရှိ Obninsk တက္ကသိုလ် ၊ Rosatom Technical Academy နှင့် Obninsk Nuclear Power Plant သို့ သွားရောက်လေ့လာ                                                 

နေပြည်တော်၊ နိုဝင်ဘာ   ၁၆

              ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝင်ကြီးဒေါက်တာမျိုးသိန်းကျော် တို့ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဉီးလွင်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၁၅ ရက်တွင် မော်စကိုမြို့ရှိ Obninsk တက္ကသိုလ်၊ Rosatom Technical Academy နှင့် ကမ္ဘာ့ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ Obninsk Nuclear Power Plant များသို့ သွားရောက် လေ့လာကြသည်။

              ဉီးစွာ ပြည်ထောင်စုဝန်ကြီး များဖြစ်သည့် ဦးသောင်းဟန် ၊ ဒေါက်တာ မျိုးသိန်းကျော် တို့ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Obninsk တက္ကသိုလ်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြပြီး အစည်းဝေး ခန်းမတွင် ပါမေက္ခချုပ် Alexey Panov Tatiana Osipova နှင့် တာဝန်ရှိသူတို့က နိုင်ငံပေါင်း ၆၈ နိုင်ငံတို့မှ လာရောက်၍ ပညာတော်သင် ကျောင်းသူ/ ကျောင်းသား များအား စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးနေမှုဆိုင်ရာများ၊ တက္ကသိုလ်တွင် ဖွဲ့စည်းထားရှိသော ဌာနတစ်ခုချင်းစီ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အချက် အလက်များ အားရှင်းလင်း တင်ပြကြသည်။

              ထို့နောက် ပြည်ထောင်စုဝန်ကြီးများက နှုတ်ခွန်းဆက်စကားများ ပြောကြား ပြီး တက္ကသိုလ်နှင့် ပါတ်သက်၍ သိရှိလိုသည်များအား အသေးစိတ်မေးမြန်း ကြသည်။

              ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Obninsk တက္ကသိုလ်အတွင်း Engineering၊ Obninsk Institute For Nuclear Power၊ Rosatom Resource Center တို့အားလည်းကောင်း၊ Innovation and Technology Center ရှိ Design Laboratories and student office တို့အားလည်းကောင်း၊ Nuclear Power Plant Sinmulator များ၊ Pharmaceutical Center for Practical Competencies and Training and Simulation Center တို့အားလှည့်လည် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြမှုများအပေါ် သိရှိလိုသည်များအား ပြန်လည် မေးမြန်းဆွေးနွေးကြကာ အမှတ်တရလက်ဆောင်ပစ္စည်များ အပြန်အလှန် ပေးအပ် ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

              ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ ဉီးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် Rosaton Technical Academy သို့သွားရောက် လေ့လာကြရာ တက္ကသိုလ်ရှင်းလင်းဆောင်၌ ပါမောက္ခချုပ် Yuri Seleznev က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊ ဘာသာရပ်ဆိုင်ရာများအလိုက် လေ့ကျင့်သင်ကြား ပေးမှုများ၊ သင်တန်းသားများအား စာတွေ့လက်တွေ့သင်ကြားပေးနေမှုများ၊ နိုင်ငံ တကာ အဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်နေမှုအခြေအနေများအား ပါဝါပွိုင့် များဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများ က သိရှိလိုသည်များအား ပြန်လည် မေးမြန်းဆွေးနွေးကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် သည်။

              ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဉီးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် အဆိုပါတက္ကသိုလ်အတွင်း စာပေဌာနတစ်ခုခြင်းစီအလိုက် စာတွေ့ လက်တွေ့လေ့ကျင့် သရုပ်ပြသမှုများ၊ ဓာတ်ခွဲစမ်းသပ်ခန်းများ၊ ဆေးပညာရပ် ဆိုင်ရာလေ့ကျင့်သင်ကြားပေးနေမှုများ၊ နျူကလီးယား စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ပေးစက်ရုံတည်ဆောက်ပုံအဆင့်ဆင့်အား 3D နည်းပညာဖြင့် ရှင်းလင်းပြသမှုများအား လိုက်လံကြည့်ရှုလေ့လာကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ် ရှင်းလင်း ပြသကြသည်။

              ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ ဉီးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ကာလုကာခရိုင်ရှိ ကမ္ဘာ့ပထမဆုံး နျူကလီးယားဓာတ်အား ပေးစက်ရုံ Obninsk Nuclear Power Plant  အား သွားရောက် ကြည်ရှုလေ့လာခဲ့ကြသည်။

              အဆိုပါ Obninsk Nuclear Power Plant သည် ၁၉၅၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး  ၁၉၅၄ ခုနှစ်တွင် စက်ရုံစတင်လည်ပါတ်ခဲ့သည်။ 6 MW တပ်ဆင်အင်အားရှိသည့်စက်ရုံမှ ၁၉၅၄ ခုနှစ်တွင် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ပြီး စတင်ဓာတ်အားဖြန့်ဖြူးခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ဓာတ်အားပေး စက်ရုံကို ဓာတ်အားထုတ်လုပ်ခြင်းအား ရပ်ဆိုင်းထားပြီး ပြန်လည်မွန်မံခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ နှစ်ပေါင်း  ၄၈ နှစ်ကြာသည့်တိုင်အောင် လည်ပတ်မောင်း နှင်ခဲ့ရာတွင်  မည်သည့်ထိခိုက်မှုတစ်စုံတရာမျှမရှိဘဲ နိုင်ငံတကာမှ အလေးထား လာရောက် လေ့လာနေရသည့် စက်ရုံတစ်ခုလည်းဖြစ်သည်။ ယခုအခါတွင် စက်ရုံအား ပြတိုက်အဖြစ်ဆောင်ရွက်ထားရှိပြီး Hight Power Channel Type Reactor သုံး ဓာတ်အားပေးစက်ရုံအမျိုးအစားဖြစ်ကြောင်းသိရှိရသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ နိုဝင်ဘာ ၁၆

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

            ထိုကဲ့သို့ အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဆရာစံရပ်ကွက်နေ မီမီသင်းသည် ၎င်းအသုံးပြုသည့် “Mi Mi Thin” Facebook အကောင့်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာနေ ဇာဇာဝင်း(ခ)မဝတုတ်သည် ၎င်းအသုံးပြုသည့် “Zar Zar Win” Facebook အကောင့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မော်လိုက်ကလေးကျေးရွာနေ တင်မောင်ရွှေ(ခ)ပိုင်စိုးဦးသည် ၎င်းအသုံးပြုသည့် “Lion Man” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေ နှင့်အညီ ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင် များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

နေပြည်တော်၊ နိုဝင်ဘာ ၁၆

          တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေး အပ်လျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင်လည်း မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ အမှတ်(၂) ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြန်လည် ကြိုဆိုလက်ခံခြင်း အခမ်းအနားကိုပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သပိတ် ကျင်းတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

          ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ ဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော မန္တလေးတိုင်းဒေ သကြီး၊ သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးတို့ကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူ များထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။

          PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည်ဝင်ရောက်ခြင်း ပြု မည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထား ပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်း အပ်နှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။