ရခိုင်ပြည်နယ်အတွင်းရှိ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား ဂါရဝပြုစားသောက်ဖွယ်ရာများ၊ တိုင်းရင်းဆေးဝါးများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း၊ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ နှင့် မိသားစုဝင်များအား ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်
နေပြည်တော်၊ ဇွန် - ၂
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘိုးဘွားရိပ်သာသို့ သွားရောက်ကာရိပ်သာ တွင် နေထိုင်လျက်ရှိသော အဘိုးအဘွားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။













































































































