ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲ ကျင်းပ
နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၄
၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ်အားကစားရုံ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား ပုသိမ်လေတပ်စခန်းဌာနချုပ် ၊ ဌာနချုပ်မှူး ဗိုလ်မှူးကြီး ရဲမျိုးသန့်နှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား ပုသိမ်လေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပုသိမ်လေတပ်စခန်းဌာန ချုပ်၊ ဌာနချုပ်မှူးက ခုံအမှတ်(၁)ရှိ စစ်တုရင် ပထမဆုံးရွှေ့ကွက်ကို ရွှေ့၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း စစ်တုရင်ပြိုင်ပွဲအား အကြီး တန်း၊ လူသစ်တန်းနှင့် အမြန်ရွှေ့ပြိုင်ပွဲ အမျိုးအစားများဖြင့် ကျင်းပမည်ဖြစ်ပြီး ကာကွယ် ရေးဦးစီးချုပ်ရုံး(လေ)ကွပ်ကဲမှုအောက်ရှိ တပ်/ဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်း ဖြင့် ဇူလိုင် ၃၁ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။