ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးလာမိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ပိဋကတ်သုံးပုံ တော်လာ အဋ္ဌကထာဋီကာ ကျမ်းစာများကို ဖတ်ရှု့လေ့လာနိုင်ရန်အတွက် ရုပ်ပွားတော်မြတ်ကြီး၏ ရှေ့မျက်နှာစာတွင် ကျောက်စာရုံစေတီ ၇၂၀ ဆူကို စနစ်တကျတည်ဆောက်ထားရှိပါသည်။ ကျောက်စာရုံ စေတီ တစ်ဆူချင်း၏အတွင်းတွင် ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုး ထားသော ကျောက်စာ ၂ ချပ်စီအား လေ့လာဖတ်ရှု့နိုင်စေရေး ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ရေးထိုးပူဇော်ထားရှိပါသည်။
ကျောက်စာရုံစေတီများကို တည်ဆောက်ရာတွင် စစ်အင်ဂျင်နီယာညွှန်ကြားရေး မှူးရုံးမှ ပညာရှင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ပညာရှင်များ၊ အခြားအရပ် ဘက်ကျွမ်းကျင်ပညာရှင်များမှ ခေတ်မီစက်ပစ္စည်းကိရိယာများ အသုံးပြု၍ စနစ် တကျတည်ဆောက်ခဲ့သည့်အတွက် ကျောက်စာရုံစေတီ ၇၂၀ ဆူအား ရှု့ထောင့်ပေါင်းစုံမှ သပ္ပါယ်စွာဖြင့် ယခုလိုကြည်နူးစွာ ဖူးမြော်နိုင်ပါသည်။
သို့ဖြစ်ပါ၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ အများပြည်သူ များ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ်လ ၈ ရက်နေ့မှစ၍ ၁၆ ရက်နေ့အထိ လုံခြုံရေးအရ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ကာ အခမဲ့ဝင်ရောက်ဖူးမြော် ချိန်၌ ကျောက်စာရုံစေတီတော်များ၏ တရားတော်များနှင့် ဗိသုကာလက်ရာ၊ အင်ဂျင်နီယာ ပညာရပ်များကို ဖူးမြော်လေ့လာနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်အပ် ပါသည်။