ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ
[Democratic Party of National Politics(DNP)]အား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊
နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုခြင်း
နေပြည်တော် ဇွန် ၂၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးစိုးဦးနှင့် ဦးအောင်မိုးမြင့် တို့သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် မှတ်ပုံတင်ခွင့်ရရှိပြီးဖြစ်သည့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျဌာနီလမ်းနှင့် ပန်းခင်းလမ်းထောင့်(ဘဲကုန်းမီးပွိုင့်အနီး)၊ စက်ြာဒီပခြံတွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော အမျိုးသား နိုင်ငံရေးဒီမိုကရက်တစ်ပါတီ[Democratic Party of National Politics(DNP)]ဌာနချုပ်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ယနေ့တွင် ပါတီဌာနချုပ်၌ တွေ့ဆုံ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုခဲ့သည်။























































































































