၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(တတိယပတ်)စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်တပ်နယ်အသီးသီးတို့၌ ကျင်းပပြုလုပ်ကြသည်။
news
NUG နှင့် CRPH တို့၏ ညွှန်ကြားမှုဖြင့် PDF အမည်ခံအကြမ်းဖက်သမားများ သည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရဟန်း၊ သံဃာတော်များ၊ အစိုးရ ဝန်ထမ်းများနှင့်တိုင်းရင်းသားပြည်သူများအား အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ အစိုးရယန္တရားများ ပျက်ပြားစေရန် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အများပြည်သူ သွားလာလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း လုပ်ဆောင်လျက်ရှိသည်။
အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန် လက်နက်၊ ခဲယမ်းများ သယ်ဆောင် လာသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာအနီး တပ်မတော်စစ်ကြောင်းများက အချိန်မီတိုက်ခိုက်၊ လက်နက်/ ခဲယမ်းများ သိမ်းဆည်းရမိ
နေပြည်တော်၊ ဒီဇင်ဘာ - ၁၇
နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော လုပ်ရပ်နှင့် အကြမ်းဖက် လုပ်ဆောင်မှုကို ဆန့်ကျင်လိုကြသည့် ဒေသခံတောင်ပေါ် တိုင်းရင်းသား အချို့၏ လျှို့ဝှက်ဆက်သွယ်သတင်းပေးပို့မှုအရ NUG၊ CRPH တို့၏ ဆက်သွယ်ညွှန်ကြားမှုဖြင့် လက်နက်၊ ခဲယမ်းနှင့် ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများ သယ်ဆောင်လာသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ရောက်ရှိနေကြောင်း တပ်မတော်မှ သိရှိရ၍ ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာအနီးသို့ တပ်မတော်စစ်ကြောင်း များက လေကြောင်းချီစစ်ဆင်ကာ အချိန်မီ တိုက်ခိုက်၍ လက်နက်၊ ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့သည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဂန့်ဂေါမြို့နယ်နှင့် မင်းကင်းမြို့နယ်အကြား တောတွင်းပုန်းအောင်း၍ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ကာ အပြစ်မဲ့ပြည်သူများနှင့် ဝန်ထမ်းများအား ပြန်ပေးဆွဲ၊ ဖမ်းဆီးသတ်ဖြတ်လျက်ရှိသော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် NUG၊ CRPH တို့နှင့် ဆက်သွယ်၍ ပလောင် ဒေသမှတစ်ဆင့် အကြမ်းဖက်လုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန် လက်နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများ သယ်ဆောင်လာကြောင်းနှင့် ၎င်းအဖွဲ့များသည် နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာတစ်ဝိုက် ရောက်ရှိခိုအောင်းနေကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံတောင်ပေါ်ကျေးရွာ တိုင်းရင်းသားအချို့၏ သတင်းပေးပို့ချက်အရ ဒီဇင်ဘာ ၇ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းများမှ လေကြောင်းချီ စစ်ဆင်လျက် ဝိုင်းပတ် ပိတ်ဆို့၍ အဆိုပါပစ္စည်းများ သိမ်းဆည်းရမိရေး ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ တို့ထံမှ အလောင်းများနှင့် လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး ပစ္စည်းအချို့အား သိမ်းဆည်းရမိခဲ့သည့်နေရာတွင် ဖောက်ခွဲဖျက်ဆီးခဲ့သည်။ ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံး/ဒဏ်ရာရရှိခဲ့သည်။
အကြမ်းဖက်အဖွဲ့များအား ဝင်ရောက်တိုက်ခိုက်ရာတွင် အစောပိုင်း၌ TNLA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမှ ပလောင်ဒေသအတွင်း ဖြစ်ပွားမှုအပေါ် နားလည်မှုလွဲမှားပြီး ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့သော်လည်း ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ပြည်သူအပေါ်အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသည့် NUG၊ CRPH၊ PDF တို့နှင့်သာ သက်ဆိုင်ကြောင်း ရှင်းလင်းအသိပေးခဲ့သဖြင့် နောက်ပိုင်းတွင် TNLA အနေဖြင့် အသိပေးရှင်းလင်းမှုအပေါ် သဘောပေါက်နားလည် လက်ခံခဲ့ကြောင်း သိရှိရသည်။
အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် လက်ခံမှုမရှိဘဲ ကြောက်ရွံ့စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကာ ၎င်းတို့၏ လှုပ်ရှားမှုသတင်းများအား အချိန်မီ ပေးပို့ခဲ့မှုကြောင့်သာ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်မည့် လက်နက်၊ ခဲယမ်းများကို ယခုကဲ့သို့ အချိန်မီ ဖမ်းဆီးနိုင်ခြင်းဖြစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများ ရရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ရန်နှင့် ရပ်ရွာတည်ငြိမ်အေးချမ်းအတွက် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် သတင်းထုတ်ပြန်အပ်ပါသည်။
KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကသာမြို့နယ်ရှိ နောင်ပင်ကျေးရွာ၊ မိုးဒါးကြီးကျေးရွာနှင့် ဟဲနားကျေးရွာ(ရွာဟောင်း) အတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီး
နေပြည်တော်၊ ဒီဇင်ဘာ - ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား ယနေ့နံနက် တွင် နောင်ပင်ကျေးရွာ၊ မိုးဒါးကြီးကျေးရွာနှင့် ဟဲနားကျေးရွာ(ရွာဟောင်း)များအနီးသို့ အရောက်၌ KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာအတွင်း လူနေအိမ်များကို အကာကွယ်ရယူပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်အဖွဲ့များသည် ကျေးရွာများအတွင်းမှ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ဆုတ်ခွာသွားစဉ် ကျေးရွာများအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် နောင်ပင်ကျေးရွာတွင် လူနေအိမ် ၁၁ လုံးခန့်၊ မိုးဒါးကြီးကျေးရွာတွင် လူနေအိမ် ၄၃ လုံးခန့်၊ ဟဲနားကျေးရွာ(ရွာဟောင်း)တွင် လူနေအိမ် ၁၀ လုံးခန့်၊ စုစုပေါင်း လူနေအိမ် ၆၄ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးရွာ ၂၆ ရွာမှ အိမ်ခြေ ၇၁၇ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
အထက်ပါ ဖြစ်စဉ်များတွင် မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများနှင့် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များနှင့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား(MRTV)အဖွဲ့တို့က သွားရောက် ဂုဏ်ပြုဖျော်ဖြေ
နေပြည်တော်၊ ဒီဇင်ဘာ - ၁၇
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေး ချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့် ဝေးကွာစွာဖြင့် နေ့မအား ညမနား ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ မိသားစုများအပေါ် လွမ်းဆွတ်သတိရ သည့်စိတ်များ ခေတ္တခဏမျှ ပြေပျောက်စေရန်နှင့် စိတ်ပျော်ရွှင် ကြည်နူးစေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ အဖွဲ့သူ အဖွဲ့သားများက တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရှေ့တန်းစခန်းများနှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်များသို့ အလှည့်ကျသွားရောက်၍ ကိုယ်ချင်းစာစိတ် အပြည့်အဝ ဖြင့် ဂုဏ်ပြုဖျော်ဖြေသီဆို ကပြလျက်ရှိသည်။
ထိုသို့ သွားရောက်ဂုဏ်ပြု သီဆိုကပြဖျော်ဖြေလျက်ရှိရာ ဒီဇင်ဘာ ၁၆ ရက်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေရှိ ကာသာမြို့၊ ဝန်းသိုမြို့နှင့် အင်းတော် မြို့တို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်များနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်များသို့ နယ်လှည့် ပြည်သူ့ဆက်ဆံရေး အဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ အဖွဲ့သူ၊ အဖွဲ့သားများက စစ်ချီတေး၊ စစ်သည် တေးသီချင်းများ၊ ခေတ်ပေါ်နှင့် ခေတ်ဟောင်းတေးသီချင်းများဖြင့် ဖျော်ဖြေကြရာ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက စိတ်လက်ပျော်ရွှင် ကြည်နူးချမ်းမြေ့စွာဖြင့် ကြည့်ရှုအားပေး၍ အချို့စစ်သည်များနှင့် မိသားစုများက လွတ်လပ်ပေါ့ပါးစွာဖြင့် အတူတကွ ပါဝင်သီဆိုကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကြသည်။
ထိုကဲ့သို့ လာရောက်သီဆိုဖျော်ဖြေပေးကြသည့် အဖွဲ့သူ၊ အဖွဲ့သားများကို နယ်မြေခံတပ်များမှ တာဝန်ရှိသူများနှင့် မိသားစုဝင်များက ဒေသထွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီးဒေသထွက် အစားအစာများဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြ သည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
နေပြည်တော်၊ ဒီဇင်ဘာ ၁၇
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်၊ မြို့သစ်ကြီးရပ်ကွက်နေ စည်သူရဦးသည် ၎င်းအသုံးပြုသည့် “Sithuya Oo” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်နေ အောင်မြင့်ဇော် သည် ၎င်းအသုံးပြုသည့် “Aung Myint Zaw” Facebook အကောင့်တို့သည် အသိပေးသတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ် လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေးအသိပေးသတင်းထုတ်ပြန်အပ်ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် နည်းလမ်းမျိုးစုံဖြင့် တိုးမြှင့် ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်လျက် ရှိသကဲ့သို့ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို ဓာတ်အားသုံးစွဲသူပြည်သူများထံသို့ ပို့လွှတ်ဖြန့်ဖြူး ပေးလျက်ရှိသည့် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကိုလည်း အကောင် အထည်ဖော် တည်ဆောက်ဆောင်ရွက်ပေးလျက်ရှိသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၈၆၄၄ ဦး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၇)ခရိုင်တို့၌ ဒေသခံပြည်သူ ၃၃၅ ဦးနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ဒေသခံပြည်သူ ၂၀၄ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။








































































































